Great Foundation Plastic Industries Co., Ltd.

       1.7 K   View

Category: Plastic Materials and Products

Great Foundation Plastic Industries Co., Ltd.

  113, Cor. of Bayint Naung Rd. and Kanaung Minthar Gyi St., Ind. Zone (4), Shwe Pyi Tha Tsp., Yangon

   09-5003794,  09-5130696

  gfsaledepartment@gmail.com

  www.samparoo.com

  Company Info..

Great Foundation သည်သင်ယုံကြည်အားထားနိုင်သော အမှတ်သင်္ကေတတစ်ခုဖြစ်ပြီး GF company ကို ၂၀၀၁ ခုနှစ် ဇွန်လ မှ စတင်တည်ထောင်ခဲ့ပါသည်။ ဦးစားပေးထုတ်ကုန်များအနေဖြင့် အရည် အသွေး ပြည့်မီသော ပလတ်စတစ်ကျု့များ၊ ဗူးများနှင့် အဖုံးများကို ထုတ်လုပ်ပါသည်။
လုပ်ငန်းတည်ရှိရာနေရာမှာ ရွှေပြည်သာ စက်မှုဇုန်(၄) ဖြစ်ပြီး မြေဧက ၇.၈ ဧကအပေါ်တွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။ လုပ်သက်ရင့်ကျွမ်းကျင်ဝန်ထမ်း ၃၂၀ ဖြင့် အရည်အသွေးပြည့်မီသော ဗူးများနှင့် ဝန်ဆောင် မှု များကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးလျက်ရှိပါသည်။
ဝယ်သူများမှ အမျိုးအစားစုံလင်သော ပလတ်စတစ်ဗူးခွံများကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါသည်။ ထုတ်ကုန်များ အားလုံးကို ဝယ်သူများ ထံသို့ တင်းကျပ်သော အရည်အသွေးစစ်ဆေးမှုကို ဖြတ်သန်းပြီး မှ သာ ပေးပို့ ပါသည်။ ၎င်းအပြင် ဈေးကွက်အတွင်းသို့ ၂၀လီတာဝင်ဗူးကြီးများကိုလည်း ထုတ်လုပ်ပေးလျက်ရှိပါသည်။ တိုးတက်လာသော ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း ၂၀၁၃ ခုနှစ်မှစ ပြီး company အနေဖြင့် အော်တိုဗူးမှုတ်စက်များ ဖြင့် ထုတ်ကုန်အများအပြား တိုးချဲ့ ထုတ်လုပ်လျက်ရှိပါသည်။
Company အနေဖြင့် အရည်အသွေးပြည့်မီသော ဗူးများကိုထုတ်လုပ်ရုံသာမက အမျိုးအစားစုံလင်သော ပလတ်စတစ် စက်ပစ္စည်းများနှင့် ကျု့ထုတ် မိုများကို ပါ ရောင်းချပေးလျက်ရှိပါသည်။ Company ၏ဦးတည်ချက်မှာ အမြင့်ဆုံး အရည်အသွေးပြည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးရန်ဖြစ်ရုံမျှမက သုံးစွဲသူများ ကျေနပ်မှုရရှိစေရန်ကို လည်း အာမခံချက်တစ်ခုအနေဖြင့် ပေးနိုင်ရန်ဖြစ်ပါသည်။

CUSTOMER FIRST. QUALITY FIRST

၁၃ နှစ်တာကာလကြိုးပမ်းမှုနှင့်အတူ Company အနေဖြင့် အရောင်းနှင့် ဝန်ဆောင်မှု ကိုမြန်မာပြည်အနှံ့ မြို့များအတွင်း ခိုင်မာစွာ တည်ဆောက်ထားပြီးဖြစ်ပါသည်။ သုံးစွဲသူသာပထမ၊ အရည်အချင်းသာပထမ ဟူသော ယုံကြည်ချက်ဖြင့် ဈေးကွက်ဦးဆောင်သူဖြစ်လာရန် ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။ ယခုအခါ GF အနေဖြင့် ပလတ်စတစ်ထုတ်ကုန် လုပ်ငန်းများအတွင်း ယုံကြည်တန်ဖိုးထားရတဲ့ brand တစ်ခုဖြစ်လာပါပြီ ဖြစ်ပါသည်။

စဉ်ဆက်မပြတ် တီထွင်မှု၊ ပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှုများဟာ GF ရဲ့ရည်မှန်းချက်တွေပါ။ ဒါကြောင့် ကောင်းမွန်တဲ့အနာဂတ်အသီးအပွင့်များရရှိရန် Great Foundation နဲ့အတူတကွ မျှဝေခံစားကြပါစို့။

MOULD

GF အနေဖြင့် ပြည်ပမှ မိုစက်ရုံ ကြီးများ၊ စက်ပစ္စည်းစက်ရုံကြီးများနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ထားနိုင်သဖြင့် အကောင်းဆုံး ဈေးနှင့် အကောင်းဆုံး ဝန်ဆောင်မှုများကို သင့် ထံ ပေးပို့နိုင်မှာ အသေအချာပါ။

AIR COMPRESSOR

GF အနေဖြင့် Compressor များကို ရောင်းချရုံမျှမက ပြုပြင် ထိန်းသိမ်းဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။

PRODUCT

ပလတ်စတစ် ဗူးထုတ်ကုန်တွင် တီထွင်ထုတ်လုပ်နိုင်သူအနေဖြင့် GF သည် ထုတ်ကုန်အရည်အသွေးကို အစဉ်အမြဲ upgrade လုပ်နိုင် ရန်ကြိုးပမ်းလျက်ရှိပြီး ဝယ်ယူသူများ၏လိုအပ်ချက်နှင့် ခေတ်မီ နည်းပညာ များကို အပြည့်စုံဆုံး ပေါင်းစပ်နိုင်ရန် အမြဲ ကြိုးစားလျက်ရှိပါသည်။


  Product & Services


  Quality Bottle
   Various Kind of Preform
   Bottle Moulds



  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories