Phyo

       1006   View

Category: Computer Training Schools

Phyo

  16, 1st and 2nd Flr., Aung Taw Mu St., Myaynigone, Sanchaung Tsp., Yangon

   09-250273643,  09-73251055

  enquiry@phyotc.com

  www.phyo.org

  Company Info..

PHYO Training Centre ကို 2009 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ICDL Courses များနှင့် အခြားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ Computer သင်တန်းများကိုသင်ကြားပေးခဲ့ပါသည်။ ICDL ဟုခေါ်သော International Computer Driving License ၏ မြန်မာနိုင်ငံအတွက် အသိအမှတ်ပြုပေးထားသည့် ATC တစ်ခုလည်းဖြစ်ပြီး အာရှဒေသတွင် ICDL-CAD ကိုသင်ကြားဖြေဆိုနိုင်သော တစ်ခုတည်းသော Centre လည်း ဖြစ်ပါသည်။

PHYO Training Centre ၏ ရည်ရွယ်ချက်သည် “Our Target is Your Perfect” ဖြစ်ပြီး တတ်နိုင်သမျှ အစွမ်းကုန်တတ်ကျွမ်းရေးကို ဦးစားပေးသင်ကြားပါသည်။ သင်တန်းသားများအတွက် “We Leading Your Way” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး တစ်ဦးချင်းစွမ်းရည်တိုးတက်ကောင်းမွန်အောင် နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်း သင်ကြားပေးနေသော သင်တန်းကျောင်းလည်းဖြစ်ပါသည်။            

မိမိတို့ PHYO Training Centre ရှိ ကွန်ပျူတာ ဘာသာရပ်များအားလုံးသည် သင်တန်းသားများအားလုံးကို တစ်ဦးချင်းစီ တတ်မြောက်ကျွမ်းကျင်အောင်၊ မိမိသက်ဆိုင်ရာနယ်ပယ်အတွင်း Professional အဖြစ်ရပ်တည်နိုင်အောင် လေ့ကျင့်သင်ကြားပေးသော သင်တန်းများဖြစ်ပါသည်။ မိမိတို့သည် “အထူးလေ့ကျင့် အတတ်သင် သင်တန်းကျောင်း” တစ်ခုအဖြစ် ရပ်တည်နေပြီး နိုင်ငံတကာသင်ရိုးများကိုသာ အခြေခံ၍သင်ကြားပေးပါသည်။ သင်တန်းသား တစ်ဦးချင်းစီ၏ စွမ်းရည်အပေါ်မူတည်ပြီး အနီးကပ် ကြပ်မတ် သင်ကြားပေးပြီး၊ လူတိုင်းနားလည်လွယ်သော သင်ရိုးများဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။ သင်တန်းကာလ တစ်လျောက်လုံးတွင်လည်း ခေတ်နှင့်အညီ ပြောင်းလဲလာသော နည်းပညာများကို ထပ်တိုး သင်ကြားပေးပြီး လိုအပ်သော Training DVDs, Learning DVDs များပေးအပ်ကာ ပံ့ပိုး သင်ကြားပေးပါသည်။ မိမိတို့သင်တန်းကျောင်းမှ သင်တန်းပြီးစီးသွားသော သင်တန်းသားများသည်   ပြည်တွင်းပြည်ပ လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နေကြပြီး Professional Level တစ်ခုဖြင့် ရပ်တည်နေကြပြီ ဖြစ်ပါသည်။မိမိတို့သင်တန်းကျောင်းတွင် တက်ရောက်သင်ကြားနိုင်သော Computer Course များကို ဆက်လက် လေ့လာနိုင်ပါသည်။
PHYO Training Centre သည်လူတိုင်းနားလည်လွယ်သော သင်ရိုးများဖြင့်သာ သင်ကြားခြင်း၊
နိုင်ငံတကာ သင်ရိုးများနှင့်အညီ သင်ကြားခြင်၊းတစ်ဦးချင်းတတ်မြောက်မှုကို အလေးထား သင်ကြားခြင်း၊ စဉ်ဆက်မပြတ် မေးမြန်းဆွေးနွေးနိုင်ခြင်း၊  နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဆရာ/မ များ၊ NGO,INGO Trainer များနှင့် Government Project  များဖန်တီးရေးဆွဲပေးသည့် ဆရာများမှ သင်ကြားပေးခြင်း၊ သင်ကြားမှုတိုင်းအတွက် အချိန်နှင့်တပြည်းညီ ဖြည့်စွက်သင်ကြားပေးပြီး၊ လိုအပ်သော Text Book , Training DVDs, Software DVDs & Installation များကိုအခမဲ့ ပေးအပ်ပြီး ထည့်သွင်းသင်ကြားပေးပါသည်။



  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories