အရင်ကလို ဝန်းရံပေးပါဦးလို့တောင်းဆိုလိုက်တဲ့ မိစန္ဒီ




  • မိစန္ဒီကတော့ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ် နားဆင်နိုင်အောင် ပြင်ဆင်နေပါတယ်လို့ သိရပါတယ်။ အဲ့ဒီသီချင်းသစ်ကို အွန်လိုင်းမှာ ဇန်နဝါရီ(၁၃)မှာ Single Songe အနေနဲ့ ထွက်ရှိမှာဖြစ်ပါတယ်။
    သီချင်း Audio ကိုလည်း Myanmar Music Store နဲ့ အခြား digital Platforms တွေမှာ ဝယ်ယူနားဆင်နိုင်မျာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။
    သူမရဲ့ သီချင်းလေးကို "ဦးနှောက်မဲ့ငတုံး"ဆိုပြီး နာမည်ပေးထားတယ်လို့လည်း သိရပါတယ်။
    "လူ​တွေဟာ တခါတ​လေအချစ်​နဲ့ ပတ်​သတ်​လာရင်​ ဥာဏ်​​တွေနည်းပြီး "ဦး​နှောက်​မဲ့ ငတုံး​" ​တွေဖြစ်​သွားတတ်​တယ်​.. ပရိတ်​သတ်​ကြီး​ရော အဲ့ဒီလိုဖြစ်​ဘူးလား?အဲ့ဒီ့အ​ကြောင်းကို မိစန္ဒီ သီချင်းတစ်​ပုဒ်​​ရေးပြီး ဆိုထားပါတယ်​..ဒီ လွမ်းစရာ မုန်းစရာ နားကျည်းစရာ သီချင်းတစ်​ပုဒ်​ဟာ ပရိတ်​သတ်​ကြီး ကို ရသတစ်​ခုခု​ပေးနိုင်​မယ်​လို့မျှော်လင့်တယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားပါတယ်။
    သူမရဲ့ ပရိသတ်တွေလည်း အရင်တုန်းကလိုပဲ သူမကို ဝန်းရံပေးပါဦးဆိုပြီးတော့ တောင်းဆိုထားပါသေးတယ်။မိစန္ဒီဟာ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်ဆိုသလိုသွားနေရတာလည်း တွေ့ရပါတယ်။
    မိစန္ဒီကတော့ လူငယ်ပရိသတ်တွေကြား ရေပန်းစား အောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
    Sourced From Duwun