ရေနံချောင်းသူ၊ရေနံချောင်းသားတွေ အထင်မလွဲစေချင်ဘူးဆိုတဲ့ ဖွေးဖွေး




  • ကြာတော့သည်လည်း မောင့်စကားရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတဲ့ အကယ်ဒမီဖွေးဖွေးကတော့ ဒီရုပ်ရုင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ဝတ္ထုထဲမှာ ရေနံချောင်းသူ အဖြစ်ရေးသားထားပေမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ မေမြို့သူအဖြစ်ပြောင်းလဲလိုက်ရတဲ့အပေါ် ပရိသတ်အထင် မလွဲစေချင်တဲ့ အကြောင်းကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။
    ''ဒါကတော့ ဖွေးဆီကို ဇာတ်ရောက်လာကတည်းက သူတို့က ပြောင်းထားပြီးသား ပရိုဂျူဆာရယ်၊ ဒါရိုက်တာရယ်၊ ဆရာမဂျူးရယ် အကုန်လုံး အစအဆုံးပြင်ပြီးတော့မှ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ပြီးတော့မှ ဖွေးဆီရောက်လာတာပေါ့နော်။ ဖွေးဆီကို ဇာတ်ရောက်လာကတည်းက မေမြို့သူပါ၊ ရေနံချောင်းသူ၊ ရေနံချောင်းသားတွေကိုလည်း အထင်မလွဲစေချင်ပါဘူး'' လို့ ဆိုပါတယ်။
    ၁၀ တန်းကျောင်းသူ မေမြို့သူလေး တင်တင်ဇော်ရဲ့ ကာရိုက်တာဖြစ်အောင် ကြိုးစားနေရတာတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
    '' ကာရိုက်တာကတော့ ၁၀ တန်းကျောင်းသူဆိုတော့ နုအောင်လုပ်ရတာပေါ့။ အပြေးလေ့ကျင့်တာကလည်း တစ်ရက်ကို နာရီဝက်ပဲ ပြေးတော့တယ်။ နည်းနည်းလျော့လိုက်တာပေါ့။ ဒါပေမယ့် နောက်လကျရင် ဒီ့ထက်ပိန်ရမယ်တဲ့ ကာရိုက်တာက အရမ်းလှတဲ့ကောင်မလေး ဖြစ်ရမှာ'' လို့ သူကဆိုပါတယ်။
    အကယ်ဒမီဖွေးဖွေးကတော့ ရွှေစည်တော်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာမီးပွားရိုက်ကူးတဲ့ ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း တို့နဲ့အတူ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာကတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်လို့ သူကဆိုပါတယ်။
    Sourced from Duwun