‘မုဒြာရဲ့ခေါ်သံ’ဟာ မြန်မာပရိသတ်တွေ ဂုဏ်ယူရမယ့် ဇာတ်ကားလို့ဆိုတဲ့ ဇဏ်ခီ'




  • ‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကား တွင် မြန်မာသရုပ်ဆောင် ဇဏ်ခီ၊ လှယဉ်ကျေး၊ မာရီကိုးရ်နှင့် နန်း ဝေဝေထွန်းတို့က အဓိကပါဝင် သရုပ်ဆောင်ပြီး

    ဒါရိုက်တာ Christina Kyi က ပုံဖော်ရိုက်ကူး ထားသည်။

    ‘‘ကျွန်တော် လေးနှစ် လောက်အသက်ကြီးသွားပြီ။ အနု ပညာပိုင်းက ကျွန်တော်ထင်တာ မုဒြာခေါ်သံကတော်တော်ရှေ့ ရောက်နေသေးတယ်။

    ထွက်လာ တဲ့အချိန်မှာ ပရိသတ်တွေတော် တော် လက်ခံလာလိမ့်မယ်။ ကြိုး စားမှု တွေကလည်း ‘ဥပါယ် တံမျဉ်’ လိုပဲ တစ်ဖွဲ့လုံးကြိုးစား ထားကြတယ်။ ‘ဥပါယ်တံမျဉ်’ ထက် ပိုတောင်ရိုက်ကူးရေးရက် တွေ ကြာပါဦးမယ်။ ထွက်လာဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဂုဏ်ယူလို့ ရမယ့် ကားတစ်ကား မြန်မာပြည် လုပ်၊ မြန်မာပြည်ထုတ်၊ မြန်မာ တွေဝိုင်းရိုက်ထားတာ နိုင်ငံတကာ လမ်းပေါ်တွန်းပို့ထားနိုင်တယ်။ တကယ်တမ်းဆို ကျွန်တော်တို့ တန်းကပြီးခဲ့တဲ့ လေးနှစ်လောက် ကတည်းက မြှင့်ပြီးသား ဖြစ်ရ မယ်။ ဒါပေမဲ့ အခုတန်းမြှင့်တဲ့ ကာလ နည်းနည်းနည်းနောက်ကျ သွားတယ်။ အဲဒါတစ်ခုတော့ စိတ်မကောင်းဘူး’’ ဟု ၎င်းကဆို သည်။

    ‘‘ပထမတော့ တန်းစီနေတာ ပါ။ ‘ဥပါယ်တံမျဉ်’ က ကိုယ်ပိုင် ထုတ်လုပ်ရေးပါ။ ‘မုဒြာရဲ့ခေါ်သံ’ က သူဌေးရှိတယ်။ သူက A Channel ကနေ တင်ရင် သမ္မတို့ ဘာတို့မှာ ပြရတယ်ဆိုတော့ ရုံ တန်းစီနေတဲ့ အချိန်ရောက်ခါနီး မှာ တန်းစီစနစ်ကို ဖြတ်လိုက် တော့ ရုံရှင်၊ ကားရှင်မှာမှ ရုံရှင် ကိုသွားညှိရတော့ ‘ဥပါယ်တံမျဉ်’ ကလည်း စလုပ်နေပြီဆိုတော့ အဲဒါကိုပဲ စလုပ်ချင်တယ်ဆိုပြီး သွားညှိတော့ သူဌေးကလည်း အ ဆင်ပြေတယ်။ အခုမုဒြာကတော့ ဘယ်လိုဖြစ်မလဲ မသိသေးဘူး။ Junction နဲ့ Mega ကတော့ စိတ် ဝင်စားတယ်ဆိုပြီး ကမ်းလှမ်းထား ပါတယ်။ ဒါပေမဲ့ မင်္ဂလာဘက်က ဘယ်လိုအခြေအနေရှိလဲတော့ မ ပြောတတ်ပါဘူး’’ ဟု ပုံဖော်ရိုက် ကူးသည့် ဒါရိုက်တာ Christina Kyi ကပြောသည်။

    အဆိုပါဇာတ်ကားသည် အမေရိကန်နိုင်ငံသို့ အသက်၂ နှစ်အရွယ်ကတည်းက မွေးစားမိဘများနှင့်  လိုက်ပါသွားရသည့် ကလေးငယ်တစ်ဦး အရွယ်ရောက်လာချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာကာ မိဘအရင်းများကို ပြန်လည်ရှာ ဖွေချိန်၌ ခရီးသွားလုပ် ငန်းတည်ထောင်သူ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း မြန်မာအမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ပုံကို    ဇာတ်လမ်းဖွဲ့   ရိုက်ကူးထား သည်။

    ‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ကား တွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအ လှအပများ၊ ဒေသရှုခင်းများ၊ ဓလေ့ထုံးစံများ    ထည့်သွင်းဖန် တီး ရိုက်ကူးထားပြီး အင်္ဂလိပ် စကားပြော မြန်မာဇာတ်ကားဖြစ် ကာ နိုင်ငံတကာရုပ်ရှင်ပွဲတော် အချို့မှ ဆုများရရှိထားသည်။

    Sourced from Duwun