ဒုတိယမြောက်ဇာတ်ကားမှာ မျက်နှာသစ်တွေနဲ့ နာမည်ကြီးသရုပ်ဆောင်တချို့ တွဲဖက်ရိုက်ကူးမယ့် ထူးပိုင်ဇော်ဦး




  • ဒုတိယမြောက် ရိုက်ကူး မည့် ရုပ်ရှင်ဇာတ်ကားတွင် အ သစ်များနှင့်အတူ နာမည်ကြီး သရုပ်ဆောင်များလည်း ပါဝင် မည်ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦး က ပြောသည်။
    ‘သရုပ်ဆောင်အသစ်လေး ယောက်ပါမယ်။ နောက်ပြီး မခိုင် ကြီး(ထွန်းအိန္ဒြာဗို) ရယ်၊ ဖွေးဖွေး ရယ်၊ နောက် ၀ါရင့်သရုပ်ဆောင် ကြီး နှစ်ယောက်ထပ်ပါဦးမယ်။ အမျိုးသားတစ်ယောက်၊ အမျိုး သမီးတစ်ယောက်၊ မင်းသားကြီး၊ မင်းသမီးကြီးတွေထဲက ရုပ်ရှင် တွေသိပ်မရိုက်တော့တဲ့ အနုပညာရှင်နှစ်ယောက်ထပ်ပါမယ်’’ဟု ၎င်းက ပြောသည်။

    ယင်းဇာတ်ကားရိုက်ကူးရန်  ပြီးခဲ့သည့်နှစ်ကတည်းက ပြင်ဆင်မှုများစတင်ပြီး လက်ရှိတွင် သရုပ်ဆောင်   အသစ်များကို Training ပေးနေကာ ဇွန်လ၌ ရိုက်ကူးမည်ဟု ၎င်းကဆိုသည်။

    ‘‘ဇာတ်လမ်းပုံစံကတော့ Horror Type။ ဒါပေမဲ့ ပုံမှန်ရိုက် နေကျ သရဲကားပုံစံမဟုတ်တဲ့၊ ဒီ မှာရိုက်ကူးလေ့မရှိတဲ့ ဇာတ်လမ်း ပုံစံဖြစ်မှာပါ’’ဟု ဒုတိယမြောက် ဇာတ်ကားအကြောင်းကို ထူးပိုင် ဇော်ဦးက ပြောသည်။

    ဇာတ်ကားရိုက်ကူးချိန်တိုင်း ဈေးကွက်ဝင်     မင်းသား၊မင်းသမီးများကို ရွေးချယ်ခြင်းထက်ဇာတ်လမ်းနှင့် လိုက်ဖက်မှု ရှိမည့် အနုပညာရှင်များသာ ရွေးချယ်ဖြစ်ကြောင်း ၎င်းကဆိုသည်။

    ‘‘ဇာတ်လမ်းမရိုက်ကူးခင်မှာ ပါဝင်တဲ့သရုပ်ဆောင်အားလုံး ဇာတ်ညွှန်းအစအဆုံးကိုဖတ်ပြီး ဆွေးနွေးတဲ့ အပိုင်းတို့၊ ရီဟာဇယ် လုပ်မယ့်အပိုင်းတို့ ကျွန်တော်တို့ လုပ်ချင်တဲ့ပုံစံယူမယ့် အချိန်တွေ ကို ဒီကားထဲမှာပါမယ့် သရုပ် ဆောင်ကြီးတွေကို အကုန်ပြောပြီး ညှိထားတယ်။ သူတို့ဘက်က လည်း အဲဒီအချက်တွေကို Welcome ဖြစ်တယ်။ သူတို့ လည်း စိတ်အားထက်သန်တယ်’’ ဟု Preproduction ပိုင်းနှင့်ပတ် သက်၍ ၀ါရင့်သရုပ်ဆောင်များ နှင့် ညှိနှိုင်းထားသည့်အကြောင်း ထူးပိုင်ဇော်ဦးက ပြောသည်။

    ယင်းဇာတ်ကားတွင် သရုပ် ဆောင်အသစ်များအနေဖြင့် ချာ လီ၊ ရှိန်းတင်ထူး၊ မြတ်နိုးအေး နှင့် ကူးကူးဇင်အောင်တို့ ပါဝင် သရုပ်ဆောင်မည်ဖြစ်ပြီး ဇာတ်ကားအမည်နှင့် ကျန်သရုပ်ဆောင် များ အမည်များကို ဧပြီအတွင်း ကြေညာမည်ဟု ၎င်းကဆိုသည်။

    ‘‘ညကတည်းက တစ် ယောက်မှမသိဘဲနဲ့ ကျွန်တော်တို့ ကို အားပေးထားတယ်၊ ယုံကြည် ထားတယ်ဆိုတော့ အဲဒီယုံကြည် မှုထက်ပိုပြီး မြင့်သော အနုပညာ တွေပေးဖို့က ကျွန်တော်တို့တာ ၀န်ဖြစ်သွားပြီ။ သူတို့ယုံကြည်မှု နဲ့ ထိုက်တန်တဲ့ ဒါရိုက်တာဖြစ် အောင်၊  ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူနိုင်တဲ့ ဒါရိုက်တာဖြစ် အောင် ရိုက်မယ်လို့ စိတ်ကူးထား လို့ အကောင်းဆုံး အရည်အသွေး နဲ့ စေတနာပါပါနဲ့ ရိုက်ဖို့ပဲမျှော် မှန်းထားတယ်။ အဲဒီအတွက် အရေအတွက်တော့ အများကြီး ရိုက်နိုင်မှာ မဟုတ်ဘူး။ အရည် အသွေးပိုင်းကိုတော့ ကျွန်တော် တို့အနေနဲ့ အာမခံပေးနိုင်တယ်’’ ဟု ထူးပိုင်ဇော်ဦးက ပြောသည်။
    Sourced from 7DayDaily
    4/April/2k18