မုဒြာရဲ့ ခေါ်သံ မေလ ၂၄ ရက်တွင် စင်ကာပူ၌ပြမည်




  • မုဒြာရဲ့ခေါ်သံ’ရုပ်ရှင် ဇာတ်ကားကို မေလ ၂၄ ရက်တွင် စင်ကာပူနိုင်ငံ၌ စတင်ပြသမည်ဖြစ်၍ ဥပါယ်တံမျဉ်ကဲ့သို့ အားပေးစေလိုကြောင်း သရုပ်ဆောင် ဇဏ်ခီက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
    ‘‘မြန်မာရုပ်ရှင်အနေနဲ့ မြန် မာပရိသတ်တွေအတွက် သီးသန့် မဟုတ်ဘဲ စင်ကာပူ Public အ တွက်ပါ ပထမဦးဆုံးချပြခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဥပါယ်တံမျဉ်တုန်းကလိုပဲ အား ပေးကြပါဦးနော်’’ဟု ဇဏ်ခီကိုယ် တိုင်အသုံးပြုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မေလ ၁၂ ရက်က ရေးသားထားသည်။

    ‘မုဒြာရဲ့ ခေါ်သံ’ဇာတ်ကားကို စင်ကာပူနိုင်ငံရှိ Golden Village Plaza, Golden Village Paya Lebar, Golden Village Jurong Point နှင့် Carnival Cinema-Golden Mile Tower ရှိ ရုပ်ရှင်ရုံတို့တွင် မေလ ၂၄ ရက်မှ ၂၉ ရက်အထိ သတ်မှတ်ထား သည့် ပွဲစဉ်များတွင် ပြသမည်ဖြစ်သည်။

    အဆိုပါဇာတ်ကားတွင် ဇဏ်ခီနှင့် လှယဉ်ကျေးတို့က အဓိကပါဝင်သရုပ်ဆောင်ထား ပြီး ဒါရိုက်တာ ခရစ်(စ)တီးနားခီ က ရိုက်ကူးထားသည်။

    စင်ကာပူနိုင်ငံတွင် ဥပါယ်တံမျဉ်ဇာတ်ကားရုံတင်သည့်အချိန် တွင် ပရိသတ်များက ယင်းဇာတ် ကား၌ပါဝင်သည့် သရုပ်ဆောင်များကို လေယာဉ်ကွင်းအထိ လာ ရောက်ကြိုဆိုပြီး ယင်းရုပ်ရှင်ပြသသည့် ပွဲစဉ်တိုင်းတွင် ပရိသတ်အားပေးမှုများပြားခဲ့သည်။

    ‘မုဒြာရဲ့ခေါ်သံ’ဇာတ်ကားကို ရန်ကုန်-မန္တလေးအပါအ၀င် နယ်မြို့ရှိ ရုပ်ရှင်ရုံများတွင် မတ်လ ၁၆ ရက်ကတည်းက ရုံတင်ပြသခဲ့ပြီး လက်ရှိအထိ အချို့ရုပ်ရှင်ရုံများ၌ ပြသနေကာ ခြောက်ပတ်မြောက်ကစတင်၍ ရုံတင် ရရှိသည့် ၀င်ငွေအားလုံးကို ယင်း ရုပ်ရှင်အဖွဲ့သားများအား   ပေးအပ်ရန် စီစဉ်ထားကြောင်း MudrasCalling ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

    အဆိုပါဇာတ်ကားသည် နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိထားကာ ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ အမေရိကန်နိုင်ငံ Indiana ပြည်နယ် Fort Wayne မြို့တွင် ပြုလုပ်မည့် Hobnobben Film Festival ၌လည်း ရွေးချယ်ခံထားရသည်။
    Sourced from 7DayDaily
    14/May/2k18