Zombie ဇာတ်ရုပ်တွေပါဝင်တဲ့ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားတဲ့ကျော်ဆု




  • Toxic (အဆိပ်သွေး) ဇာတ်လမ်းတွဲတွင် သုတေသန ပညာရှင်နေရာက ပါဝင်သရုပ် ဆောင်ထားပြီး Zombie (ဖုတ် ကောင်များ)ဇာတ်ရုပ်များပါဝင် သော ဇာတ်လမ်းတွဲဖြစ်သော ကြောင့် ထူးခြားမှုရှိကြောင်း သရုပ်ဆောင် ကျော်ဆုက ပြောသည်။

    ‘‘ဇာတ်လမ်းကတော့ ကျွန် တော်က နယ်မှာ သုတေသနတစ် ခုသွားလုပ်ရင်းနဲ့ အဲဒီမှာကြုံရတဲ့ ပြဿနာတွေကို ကျွန်တော်တို့  ရင်ဆိုင်ရတာပေါ့။ ဇာတ်လမ်းတွဲက သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲအမျိုးအစားပါ’’ဟု ၎င်းက ပြောသည်။

    အဆိပ်သွေးဇာတ်လမ်းတွဲ သည် ၎င်းခေါင်းဆောင်အဖြစ် ရိုက်ကူးသည့် လေးခုမြောက် ဇာတ်လမ်းတွဲဖြစ်ပြီး ဒုတိယဇာတ်ကောင်နေရာက ရိုက်ကူးသည့် ဇာတ်လမ်းတွဲများစွာတွင် ပါဝင် သရုပ်ဆောင်ထားသည်။

    ‘‘Zombie (ဖုတ်ကောင်) ကားဆိုတော့ ဒီကားက မြန်မာနိုင် ငံမှာ ပထမဦးဆုံးဇာတ်လမ်းတွဲ တောင်ဖြစ်မလားမသိပါဘူး။ ဒီ ဇာတ်လမ်းက ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပေမယ့် ကျွန်တော်ကိုယ်တိုင်ပြန်စောင့်ကြည့်ရတဲ့ ဇာတ်လမ်းမျိုးပေါ့။ စိတ်ဝင်စားမှု တွေလည်း အများကြီးပဲ’’ဟု ၎င်း က ပြောသည်။

    Toxic (အဆိပ်သွေး)ဇာတ် လမ်းတွဲကို Forever Group မှ ဒါရိုက်တာ ထွဋ်တင့်ထွန်းက ရိုက်ကူးထားပြီး ၎င်းအပါအ၀င် မို့မို့ မြင့်အောင်၊ မင်းဦး၊ မြနှင်းရည် လွင်၊ သီဟနှင့် မုဏ်းတို့ အဓိကပါဝင်သရုပ်ဆောင်ထားသည်။

    အဆိုပါဇာတ်လမ်းတွဲကို မေလ ၃ ရက်ကစတင်ကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Canal + ZAT LENN Channel တွင် စတင်ထုတ်လွှင့်ပြသခဲ့သည်။

    လက်ရှိတွင် ကျော်ဆုက MRTV-4 နှင့်ပင် ‘ရွှေဖူးစာ’အမည်ရသည့် ဇာတ်လမ်းတွဲကို ၀ါရင့်သရုပ်ဆောင်များစွာနှင့် တွဲဖက်ရိုက်ကူးနေသည်။

    သီချင်းဆိုခြင်းကိုလည်း ၀ါသနာပါသောကြောင့် ၎င်း၏ ညီ အဆိုတော် လွှမ်းပိုင်နှင့် အနုပညာအလုပ်အကြောင်းများ တိုင်ပင်ဖြစ်သည်ဟု ဆိုသည်။
    Sourced from 7DayDaily
    16/May/2018