Miss Myanmar International 2018 ဆုရှင် မေယုခေတ္တာ




  • Miss Myanmar International 2018 Grand Final ပြိုင်ပွဲကြီးကိုတော့ ယနေ့ည(ဇွန်လ၁၂ရက်)က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ ည(၇)နာရီလောက်က စတင်ကျင်းပခဲ့တဲ့ Miss Myanmar International ပြိုင်ပွဲကြီးကတော့ ည(၁၂)နာရီလောက်မှ ပြီးသွားခဲ့တာ ဖြစ်ပြီး  ပြိုင်ပွဲကြီးကိုလည်း MNTV ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြခဲ့ပါတယ်။
    ပြိုင်ပွဲဝင် အယောက်(၂၀)ထဲကနေ အလှမယ် (၁၀)ကို ရွေးချယ်ခဲ့ပြီး နောက်ဆုံး အလှမယ် (၅)ဦးထဲကနေ ခါးနံပါတ်(၂၈)မေယုခေတ္တာက  Miss Myanmar International 2018 ရဲ့ Winner ဆုရှင် ဖြစ်လို့သွားခဲ့ပါပြီ။

    Winner ဆုကို ရရှိခဲ့တဲ့ အလှမယ် မေယုခေတ္တာဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
    Miss Myanmar International 2018 ပြိုင်ပွဲကြီးမှာ Winner ဆုကို အလှမယ် မေယုခေတ္တာက ရရှိခဲ့သလို  1st Runner Up ဆုကို အလှမယ် ပိုးအိမ့်ဇင်၊ 2nd Runner Up ဆုကို နေခြည်ထက်၊ 3nd Runner Up ဆုကို ဝင့်ပိုပိုထွန်းနဲ့ 4th Runner Up ဆုကို သဲသဲဆုငြိမ်းတို့က အသီးသီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။  
    Miss Myanmar International ပြိုင်ပွဲကို ၂၀၁၂ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ အလှမယ် နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်မှာ မေဘရဏီသော်၊  ၂၀၁၅ခုနှစ်မှာ အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်မှာ အင်ကြင်းထူး၊ ၂၀၁၇ခုနှစ် စဝ်ယွန်းဝတီဦးတို့ဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာစင်မြင့်ထက်တို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
    Sourced from Duwun
    12/June/2k18