Facebook လူမှုကွန်ယက် စံနှုန်းများ




  • မြန်မာပြည်က Facebook သုံးစွဲသူတွေဟာ နေ့စဉ်နေ့တိုင်း သူတို့အကြောင်းတွေကို သူငယ်ချင်းတွေနဲ့ မျှဝေဖို့၊ ကမ္ဘာတစ်ဝန်းက အဖြစ်အပျက်တွေကို အခြားသူတွေရဲ့ အမြင်တွေနဲ့အတူ သိရှိနိုင်ဖို့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဖတ်ရှုဖို့အတွက် Facebook ကို အသုံးပြုကြပါတယ်။ ဒီလိုမျှဝေတဲ့အခါ သုံးစွဲသူ အချင်းချင်း လုံခြုံစိတ်ချပြီး လေးစားမှုရှိတဲ့ ပတ်ဝန်းကျင်ဖြစ်နေဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါကြောင့် Facebook မှာ ဘယ်လိုအကြောင်းအရာတွေ ခွင့်ပြုတယ်၊ မပြုဘူးဆိုတာတွေကို လူမှုကွန်ယက်စံနှုန်းတွေ အနေနဲ့ ပြဌာန်းထားပါတယ်။ Facebook ပေါ်မှာ မရှိသင့်ဘူးလို့ ထင်တဲ့ အကြောင်းအရာတွေကိုလည်း Facebook ကို တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားချက်အားလုံးကို အမည်လျှိုဝှက်ထားမှာ ဖြစ်ပြီးတော့ သင်တိုင်ကြားထားတဲ့အကြောင်းအရာတွေက Facebook ရဲ့ မူဝါဒကို ချိုးဖောက်၊မဖောက် ဆိုတာကိုလည်း ပြန်လည်အသိပေး ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။


    ကြေမုံသတင်းစာ (17-6-18)