Entertainment



တစ်ကိုယ်တော်အခွေကို မိုးအကုန်ထွက်နိုင်ဖို့ ကြိုးစားနေတဲ့ ပန်းရောင်ခြယ်


  ‘‘တစ်ကိုယ်တော်အခွေကို နောက်သုံးလလောက်နေရင် အ ပြီးထွက်နိုင်အောင် ကြိုးစားနေ တယ်။ သီချင်းပုံစံကတော့ Pop နဲ့ R&B ပါမယ်။ မြူးတာလေးတွေ လည်း ပါမယ်။ ဒီအခွေထဲမှာ ပို မြူးတာလေးတွေ၊ ပိုကလို့ ကောင်း တာလေးတွေ ပါမယ်ထင်တယ်။ ဒီအခွေထဲမှာ ဖေဖေနဲ့ဆို ဖြစ်၊ မဖြစ်ကတော့ မပြောတတ်သေး ဘူး’’ ဟု ၎င်းကပြောသည်။

ပန်းရောင်ခြယ်သည် ၂၀၁၅ က ဖခင်ဂရေဟမ်နှင့်အတူ Wake Up Daddy  ဟုအမည်ရှိသည့် အယ်လ်ဘမ်ထွက်ခဲ့ပြီး ယခုဖန်တီးနေသည့် အယ်လ်ဘမ်သည် ၎င်း၏ ပထမဦးဆုံးတစ်ကိုယ် တော်အခွေ ဖြစ်သည်။

‘‘ပန်းရောင်က အခုစီဒီပဲအ ရင်ထွက်ဖို့ များတယ်။ ပန်းရောင် ရဲ့ ပထမဆုံးတစ်ကိုယ်တော်အ ခွေ ဖြစ်တဲ့အတွက် အားပေးဝေဖန် ပေးကြပါဦးလို့။ ကောင်းတာ၊ မကောင်းတာ၊ ကြိုက်တာ၊ မကြိုက်တာထက် နားထောင်ပြီး ဝေဖန်ပေးစေချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ကြော်ငြာနှင့် အမ်တီဗီများ ရိုက်ဖြစ်သော်လည်း မင်းသမီးလုပ်ရန် အစီအစဉ်မရှိသည့်အ ပြင် လက်ရှိ၌ နယ်ရှိုးများနှင့် ကြော်ငြာရိုက်ကူးရေးများ လက်ခံထား ကြောင်း ဆိုသည်။

ပညာရေးနှင့်ပတ်သက်ပြီး သြစတြေးလျတွင် Architecture အဓိကဖြင့် တက္ကသိုလ်တက်နေ စဉ် ခွင့်ယူ၍ မြန်မာနိုင်ငံ၌ အနု ပညာအလုပ်များလာရောက်လုပ် ကိုင်နေသည်မှာ ၂ နှစ်ကျော် ရှိ ပြီ ဖြစ်သည်။

‘‘တက္ကသိုလ်ကတော့ အေး ဆေးပဲ။ တစ်နှစ်တစ်ခါတော့ ခွင့် တင်ရတယ်။ ခြောက်လ (သို့မ ဟုတ်) တစ်နှစ်ပေါ့။ ခွင့်ရှိသေး တယ်ပေါ့။ ဒါပေမဲ့ ခွင့်ကုန်သွား ရင်တော့ ပန်းရောင်ခွင့်ထပ်တိုး ပြီး ယူရမယ်။ အဲဒါကို တက္ကသိုလ် ဘက်က လက်ခံရင်တော့ ပန်း ရောင်အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်မယ်။ လက်မခံဘူးဆိုရင် တော့ ပန်းရောင်ဟိုမှာ ကျောင်း သွားပြန်တက်ရမယ်။ ခြောက်လ (သို့မဟုတ်) တစ်နှစ်ပေါ့။ ဟိုမှာ အပြီးတက်ဖို့ကလည်း တက္ကသိုလ် က မာစတာအထိ ပန်းရောင်လေး နှစ်ခွဲလောက် လိုသေးတယ်ဆို တော့လေ။ အပြီးသွားတက်ဖို့က တော့ အစီအစဉ်မရှိသေးဘူး။ ဟို ကို ကျောင်းသွားပြန်တက်လိုက်၊ ခွင့်ယူပြီး အနုပညာအလုပ်တွေ လုပ်လိုက်နဲ့ နှစ်ခုစလုံးကို မျှလုပ် သွားဖို့ပဲ များပါတယ်’’ဟု ပန်း ရောင်ခြယ်က ပြောသည်။

Sourced from 7Daydaily
28th,May,2k18





‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ဇာတ်ကားထဲကလို နှစ်ယောက်ကြား ဗျာများဖူးတဲ့ ဖွေးဖွေး


ဇွန်လ ၁ ရက်တွင် ရုံတင်ပြသတော့မည် ‘ငါ့ကိုနမ်းတဲ့ မုန် တိုင်း’ ရုပ်ရှင်ဇာတ်ကား၌ ၎င်းပါဝင်သရုပ်ဆောင်ရသော ဇာတ်ရုပ်နှင့်ခပ်ဆင်ဆင်တူသော အခြေအနေတစ်ခု  ငယ်ရွယ်စဉ်က ကြုံခဲ့ရဖူးကြောင်း သရုပ်ဆောင်ဖွေးဖွေးက ပြောသည်။

‘‘ဖွေးအမှန်အတိုင်းပြောပြ ရရင် ဒီထက်အသက်ငယ်တုန်းက အဲဒီကားထဲကလိုမျိုး နှစ်ယောက် ကြားမှာ ဗျာများဖူးတယ်။ အဲဒီ တုန်းက ကုန်ကြမ်းလေးတွေ ထုတ်သုံးတာပေါ့။ ချွတ်စွပ်ဆင် တူကြီးတော့ မဟုတ်ပါဘူး။ အဲဒီ တုန်းက ဘယ်လိုရွေးချယ်ခဲ့တယ် ဆိုတာကိုတော့ မပြောပြဘူးလေ’’ ဟု ၎င်းကပြောသည်။

ယင်းဇာတ်ကားကို ဒါရိုက် တာ အောင်ဇော်လင်းနှင့် ၀င်း လွင်ထက်တို့က ပုံဖော်ရိုက်ကူး ထားပြီး ၎င်းအပါအ၀င် လွှမ်းပိုင်၊ ရဲ ရင့်အောင်၊ မြတ်ကေသီအောင်၊ နေအောင်နှင့် ရဲအောင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားသည်။

‘‘ဒီကားထဲက ကာရိုက်တာ က မိန်းကလေးပဲ ကိုယ်ချင်းစာ နိုင်တဲ့ ကာရိုက်တာမျိုးပေါ့။ မိန်း ကလေးတွေမှာက နှစ်မျိုးရှိတယ် လေ။ အားလုံးကို မဆိုလိုပါဘူး။ များသောအားဖြင့် မိန်းကလေး တွေက ဦးနှောက်နဲ့ နှလုံးသားဆို ဦးနှောက်ထဲမှာတစ်ယောက်၊ နှလုံး သားထဲမှာ တစ်ယောက်ပေါ့။ အဲ ဒီလိုလေး သရုပ်ဆောင်ထားပါ တယ်’’ ဟု ၎င်းက ပြောသည်။

သရုပ်ဆောင်နယ်ပယ်တွင် အသစ်ဖြစ်သော်လည်း ဂီတလော ကတွင် နာမည်ကြီးသည့် အဆို တော် နှစ်ဦးနှင့်တွဲဖက်သရုပ် ဆောင်ရသည့်အပေါ် စီနီယာ၊ ဂျူ နီယာဟု သဘောမထားကြောင်း ၎င်းက ပြောသည်။

‘‘ဒီကားမှာ ဖွေးကိုယ်ဖွေး ဦး ဆောင်တယ်လို့လည်း မယူဆ ဘူး။ သုံးယောက်စလုံးက အဓိက ဇာတ်ဆောင်တွေချည်းပါပဲ။ သုံး ယောက်စလုံးက တစ်ယောက် တစ်လှည့်စီဆွဲခေါ်သွားကြတာ ချည်းပါပဲ’’ဟု ၎င်းကပြောသည်။

အဆိုပါ ဇာတ်ကားကို အဆိုတော်နှစ်ဦးနှင့် ကာလာမတူသည့် ဒါရိုက်တာနှစ်ဦးအတူ  တွဲဖက်ရိုက်ကူးရသောကြောင့် ပရိသတ် အတွက် အသစ်အဆန်းဖြစ်မည် ဟု ယုံကြည်သဖြင့် လက်ခံရိုက်ကူးခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ရှုတင်မှာလည်း ဒါရိုက်တာ နှစ်ယောက် အမြင်မတူလို့ စကား များကြတာမျိုး ရှိတယ်။ အယူအ ဆမတူတဲ့ သူနှစ်ယောက်က ပေါင်းစပ်ပြီး ထွက်လာတဲ့အဖြေ ကို ဖွေးရင်ခုန်လို့၊ နောက်အဆို တော်မင်းသားနှစ်ယောက်စလုံး ကလည်း ဖွေးတစ်ခါမှတွဲပြီး သရုပ်မဆောင်ဖူးတဲ့အတွက် အကုန်လုံးက အသစ်အဆန်းတွေ ပဲ ဖြစ်တယ်။ အဲဒါကြောင့်လည်း ဒီကားလေးကို လက်ခံခဲ့တာပါ’’ ဟု ၎င်းကပြောသည်။

လက်ရှိအနုပညာလှုပ်ရှားမှု အနေဖြင့် ဒါရိုက်တာထူးပိုင်ဇော် ရိုက်ကူးမည့် ‘သူစိမ်းအိမ်’ဇာတ် ကားတွင် ပါဝင်သရုပ်ဆောင်ရ မည်ဖြစ်သောကြောင့် ၀ိတ်ချနေ ကြောင်း ဖွေးဖွေးက ပြောသည်။

Sourced from 7DayDaily
28th,May,2k18




Miss Myanmar World 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟန်တီ


အလှမယ် ဟန်တီဟာ မကြာမီ ကျင်းပတော့မယ့် Miss Myanmar World 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဖောင်တင်လိုက်ပြီ ဖြစ်ပါတယ်။Miss Myanmar World 2018 ပြိုင်ပွဲကြီးအတွက် ဖောင်ခေါ်ယူမှုကလည်း ဒီနေ့(ဇွန်လ၃ရက်) နောက်ဆုံးဖြစ်ပါတယ်။ ဟန်တီကလည်း ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီနေ့မှာ ဖောင်သွားတင်ခဲ့တာပါ။ Miss Myanmar World 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တဲ့အကြောင်းကိုလည်း ဟန်တီက ယခုလို ပြောပြခဲ့ပါတယ်။

"ဟန်တီ ဒီ Miss Myanmar World ကိုပြိုင်ရတဲ့ရည်ရွယ်ချက်က အခု ဘန်ကောက်မှာကျောင်းတက်ရတာကအချိန်ပိုင်းပဲဆိုတော့ အချိန်တွေပိုနေတာနဲ့ ပရိသတ်တွေနဲ့လည်းမကင်းကွာအောင် အချိန်လေးတွေလည်း တန်ဖိုးရှိအောင်ဆိုပြီး ပြိုင်မယ်လို့ဆုံးဖြတ်ခဲ့ တာပါ။ဒီပြိုင်ပွဲကိုပြိုင်ရတဲ့ရည်ရွယ်ချက်က ဒီပွဲလေးက ပရဟိတကိုဦးစားပေးတဲ့ပွဲဖြစ်တဲ့အတွက် Miss World ပွဲမှာ အသစ်ထည့်သွင်း လိုက်တဲ့ Head to head challenge မှာ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေရဲ့ ပရဟိတစိတ် ကူညီတတ်တဲ့စိတ် တွေကိုဖေါ်ပြ နိုင်တဲ့ နိုင်ငံ့ဂုဏ်ဆောင် Miss တဦးဖြစ်ပြီး Organization နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။" ဆိုပြီး သူမက

ဟန်တီအနေနဲ့ Winner ရသည်ဖြစ်စေ မရသည်ဖြစ်စေ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပြီး ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလာဒ်ကောင်းတစ်ခုတော့ ရမှာဖြစ်တယ်လို့ သူမက ခံယူထားပါတယ်။ပရိသတ်တွေရဲ့ အားပေးမှုက အဓိကဖြစ်တဲ့အတွက် လိုအပ်တာ တွေ ရှိရင်လည်း အကြံဥာဏ်ပေးကြဖို့အတွက် ဟန်တီက တောင်းဆိုထားပါသေးတယ်။

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို  Miss Supranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

Miss Myanmar World ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံမှာ ၂၀၁၄ခု နှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြုအဖြစ်  အလှမယ်ဝိုင်းလေးဟာ ၂၀၁၄ခုနှစ်က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ အလှမယ် ခင်ရတနာသိန်းမြင့်ကသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ အလှမယ် မြတ်သီရိလွင်က မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးကျင်းပခဲ့တဲ့ Miss Myanmar World 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိကျော့ခိုင်က ရရှိခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်သို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
Sourced from Duwun
4/June/2k18




မြဂနိုင်ရုပ်ရှင်ဇာတ်ကား ဒေသအဆင့် ယူနက်စကိုမှတ်တမ်းအမွေအနှစ်စာရင်းဝင်


သက်တမ်းနှစ် (၈၀) ကျော် ၁၉၃၄ က ရိုက်ကူးထား သော မြဂနိုင်ရုပ်ရှင်ဇာတ်ကား  သည်ဒေသအဆင့်ယူနက်စကို မှတ်တမ်းအမွေအနှစ်စာရင်းဝင်ခဲ့  ကြောင်း ယူနက်စကို မြန်မာအမျိုး  သားကော်မရှင်အတွင်းရေးမှူး ချုပ်ဦးကြည်ရွှင်ကပြောသည်။


မှတ်တမ်းအမွေအနှစ်များ ဆိုင်ရာအာရှ-ပစိဖိတ်ကော်မတီ အစည်းအဝေးကို ကိုရီးယားနိုင်ငံ  ဂွမ်းဂျူမြို့တွင် ကျင်းပနေပြီး ယင်းအစည်းအဝေး၌ မြဂနိုင် ဇာတ်ကားကို ဒေသအဆင့်ယူ နက်စကို မှတ်တမ်းအမွေအနှစ်  အဖြစ်တင်ပြရာ စာရင်းဝင်ခဲ့ ကြောင်း ဦးကြည်ရွှင်က၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေး သားထားသည်။

မြဂနိုင်ဇာတ်ကားနှင့်အတူ  မြောက်ဦးမြို့ရှိ ရှေးဟောင်း ကျောက်စာဖြစ်သည့် အာနန္ဒာ စန္ဒြကျောက်စာလည်း ဒေသ အဆင့်ယူနက်စကို မှတ်တမ်းအ မွေအနှစ်အဖြစ် စာရင်းဝင်ပြီးလို အပ်သော ကာကွယ်စောင့်ရှောင် မှုများရရှိမည် ဖြစ်ကြောင်း ဦး ကြည်ရွှင်ကရေးထားသည်။

အဆိုပါအစည်းအဝေးတွင် ၎င်းအနေဖြင့် မြဂနိုင်နှင့် အာ နန္ဒာစန္ဒြ ကျောက်စာများကို အစီ အစဉ်မရှိဘဲ စာရင်းတင်သွင်းခဲ့ပြီး ဒေသတွင်း ၂၆နိုင်ငံမှ ၁၀ခု ကို ရွေးချယ်ခဲ့သည်။

‘‘တကယ်တမ်းစပြီး တင် ပြရချိန်မှာ ကိုယ့်ပြိုင်ဘက်နိုင်ငံ များရဲ့ လုပ်ဆောင်မှုတွေကြောင့် ကိုယ့်တော့မရတော့ပါဘူးဆိုပြီး  စိတ်အားပြတ်ရပြန်ပါတယ်။ တစ် ဖက်နိုင်ငံများရဲ့ Presentation က အလွန် Professional ဆန်ပါ တယ်။ စာအုပ်တွေ ပုံနှိပ်ပြီးဝေ ကြတယ်။ မှတ်တမ်းပုံစံတူတွေ သယ်လာပြီး Poster တွေပိတ် လိပ်တွေနဲ့ပြကြပါတယ်’’ ဟု ဦးကြည်ရွှင်က ၎င်း၏အတွေ့ အကြုံကို ပြောသည်။

အသံတိတ် ရုပ်ရှင်ဖြစ်  သော မြဂနိုင်ဇာတ်ကားကို ဒါရိုက်တာ တင်မောင်ရိုက်ကူး ခဲ့ကာသရုပ်ဆောင်ချစ်ရွှေ၊ မြင့် မြင့်တို့က အဓိကပါဝင်သရုပ် ဆောင်ထားသည်။
Sourced from 7DayDaily
4/June/2k18




ဘယ်သူ့ဆီမှ မှီခိုဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ ရွှေအိမ်စည်


အလှမယ်တစ်ဦးလည်းဖြစ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ရွှေအိမ်စည်တစ်ယောက် သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေကနေတဆင့် ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတာကိုလည်း တွေ့ရပါတယ်။ သူ့အနေနဲ့ အရင်က ချစ်သူရွေးချယ်တဲ့ အခါမှာ အသားအရောင်နဲ့ ပတ်သက်ပြီး အညိုစင်ကိုပဲ ကြိုက်တယ်ဆိုပြီးတော့ ဖြေဆိုခဲ့ပါတယ်။

'' အညိုစင်ကို ကြိုက်တယ်ဆိုတာကလည်း အရမ်းကြီးဖြူတဲ့သူကို အိမ်စည်မကြိုက်ဘူး။ အညိုမှာတောင်မှ အညိုညစ်ညစ် အရောင် မဟုတ်ဘူး၊ နေရောင်ထဲမှာတောင်မှ ကျွမ်းလည်းမသွားဘူးနီနေတာလည်းမဟုတ်ဘူး အဲ့ဒီလို အသားအရောင်ရှိတယ်။ အရမ်းမိုက်တယ်'' လို့ ဆိုပါတယ်။
အရင်က ကိုယ်တိုင်ကြိုက်ခဲ့တဲ့ ယောက်ျားလေးပုံစံမျိုးနဲ့ တွဲခဲ့တဲ့အချိန်မှာလည်း ဂယက်တွေ ထခဲ့တာ ပေါင်းစုံပဲလို့ ဆိုပါသေးတယ်။

'' ကြိုက်တာက ကြိုက်တာပဲလေ နောက်ဆုံးရွေးမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အဆင်ပြေမှုကို စဉ်းစားရမှာဆိုတော့ အဓိက က အိမ်စည်ကလေ ကိုယ်နဲ့လမ်းသွားရင် တင့်တယ်တယ်ပေါ့၊ ချောတယ်ပေါ့၊ ကိုယ့်အတွက် အိတ်တွေ၊ ဆွဲကြိုးတွေ ဝတ်သလို ဒီကောင်လေးက ကိုယ့်အတွက် ဘေးနားမှာထားရင် Image ကောင်းပါ့မလားဆိုတာကို တွေးတယ် ဖြေဆိုခဲ့ပါတယ်။
Sourced from Duwun
11/June/2k18


 Advertisement Area


imex