Entertainment



Miss Myanmar International 2018 ဆုရှင် မေယုခေတ္တာ


Miss Myanmar International 2018 Grand Final ပြိုင်ပွဲကြီးကိုတော့ ယနေ့ည(ဇွန်လ၁၂ရက်)က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ ည(၇)နာရီလောက်က စတင်ကျင်းပခဲ့တဲ့ Miss Myanmar International ပြိုင်ပွဲကြီးကတော့ ည(၁၂)နာရီလောက်မှ ပြီးသွားခဲ့တာ ဖြစ်ပြီး  ပြိုင်ပွဲကြီးကိုလည်း MNTV ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြခဲ့ပါတယ်။
ပြိုင်ပွဲဝင် အယောက်(၂၀)ထဲကနေ အလှမယ် (၁၀)ကို ရွေးချယ်ခဲ့ပြီး နောက်ဆုံး အလှမယ် (၅)ဦးထဲကနေ ခါးနံပါတ်(၂၈)မေယုခေတ္တာက  Miss Myanmar International 2018 ရဲ့ Winner ဆုရှင် ဖြစ်လို့သွားခဲ့ပါပြီ။

Winner ဆုကို ရရှိခဲ့တဲ့ အလှမယ် မေယုခေတ္တာဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Miss Myanmar International 2018 ပြိုင်ပွဲကြီးမှာ Winner ဆုကို အလှမယ် မေယုခေတ္တာက ရရှိခဲ့သလို  1st Runner Up ဆုကို အလှမယ် ပိုးအိမ့်ဇင်၊ 2nd Runner Up ဆုကို နေခြည်ထက်၊ 3nd Runner Up ဆုကို ဝင့်ပိုပိုထွန်းနဲ့ 4th Runner Up ဆုကို သဲသဲဆုငြိမ်းတို့က အသီးသီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။  
Miss Myanmar International ပြိုင်ပွဲကို ၂၀၁၂ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ အလှမယ် နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်မှာ မေဘရဏီသော်၊  ၂၀၁၅ခုနှစ်မှာ အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်မှာ အင်ကြင်းထူး၊ ၂၀၁၇ခုနှစ် စဝ်ယွန်းဝတီဦးတို့ဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာစင်မြင့်ထက်တို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
Sourced from Duwun
12/June/2k18




Facebook လူမှုကွန်ယက် စံနှုန်းများ


မြန်မာပြည်က Facebook သုံးစွဲသူတွေဟာ နေ့စဉ်နေ့တိုင်း သူတို့အကြောင်းတွေကို သူငယ်ချင်းတွေနဲ့ မျှဝေဖို့၊ ကမ္ဘာတစ်ဝန်းက အဖြစ်အပျက်တွေကို အခြားသူတွေရဲ့ အမြင်တွေနဲ့အတူ သိရှိနိုင်ဖို့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဖတ်ရှုဖို့အတွက် Facebook ကို အသုံးပြုကြပါတယ်။ ဒီလိုမျှဝေတဲ့အခါ သုံးစွဲသူ အချင်းချင်း လုံခြုံစိတ်ချပြီး လေးစားမှုရှိတဲ့ ပတ်ဝန်းကျင်ဖြစ်နေဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါကြောင့် Facebook မှာ ဘယ်လိုအကြောင်းအရာတွေ ခွင့်ပြုတယ်၊ မပြုဘူးဆိုတာတွေကို လူမှုကွန်ယက်စံနှုန်းတွေ အနေနဲ့ ပြဌာန်းထားပါတယ်။ Facebook ပေါ်မှာ မရှိသင့်ဘူးလို့ ထင်တဲ့ အကြောင်းအရာတွေကိုလည်း Facebook ကို တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားချက်အားလုံးကို အမည်လျှိုဝှက်ထားမှာ ဖြစ်ပြီးတော့ သင်တိုင်ကြားထားတဲ့အကြောင်းအရာတွေက Facebook ရဲ့ မူဝါဒကို ချိုးဖောက်၊မဖောက် ဆိုတာကိုလည်း ပြန်လည်အသိပေး ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။


ကြေမုံသတင်းစာ (17-6-18)




City Mart Supermarket ရဲ့ ၂၂ နှစ်ပြည့်အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော်ကြီး ကျင်းပမယ်


City Mart Supermarket ရဲ့ ၂၂ နှစ်ပြည့် အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော်ကြီးကို သြဂုတ်လ ( ၂ )ရက်နေ့ မှ ( ၁၅ ) ရက်နေ့အထိ ရန်ကုန်၊ မန္တလေးရှိ City Mart Supermarket ဆိုင်ခွဲအားလုံးမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

City Mart Supermarket ရဲ့ (၂၂) နှစ်ပြည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်မှာ ဈေးဝယ်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပရိုမိုးရှင်းကာလကို သြဂုတ်လ ( ၂ )ရက်နေ့ မှ ( ၁၅ ) ရက်နေ့အထိ သတ်မှတ်ထားပြီး 22 Anniversary Promotion ပစ္စည်းတွေ ၀ယ်ယူမှုတိုင်းအတွက် 22% အထိ Discount တွေ ဆုလက်ဆောင်တွေပေးသွားမယ့်အပြင် ကျပ်ငါးသောင်းဖိုးနဲ့အထက် ၀ယ်ယူသူတိုင်းအတွက် ကျပ်(၂,၀၀၀)တန် ဈေးဝယ်ခွင့် ကူပွန်တွေ ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

City Mart Supermarket ရဲ့ “ဈေးဝယ်သူမိဘပြည်သူများ၏ အကြိုက်ဆုံးသော ဈေးဝယ်စင်တာဖြစ်စေရန်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ City Mart Supermarkt တိုင်းမှာ အကောင်းဆုံးကုန်ပစ္စည်းတွေကို အမျိုးအစားစုံလင်မှု၊ သန့်ရှင်းလတ်ဆတ်မှု၊ အရည်အသွေးကောင်းမွန်မှု၊ သင့်တင့်မျှတတဲ့ ဈေးနှုန်း တို့နဲ့ ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ၀ယ်ယူဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး City Mart Suermarket တွေကို ဖွင့်လှစ်ထားခြင်းပဲ ဖြစ်ပါတယ်။

ပထမဆုံး City Mart Supermarket ကို ၁၉၉၆ ခုနှစ်မှာ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ယခုအခါ မြန်မာနိုင်ငံရှိ ရန်ကုန် ၊ မန္တလေး ၊ မြို့ကြီး ( ၂ )မြို့မှာ ဆိုင်ခွဲပေါင်း( ၂၄ )ဆိုင် ဖွင့်လှစ်ထားပြီး  မြန်မာနိုင်ငံရဲ့ ဈေးကွက်ဝေစုအများဆုံးရရှိထားတဲ့ Supermarket တစ်ခု အဖြစ်ရပ်တည်လျက်ရှိပါတယ်။ နေ့စဉ်ဝယ်ယူသူ         ၁၀၀,၀၀၀       ကျော်အားလည်းဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ ယခု ၂၀၁၈ ခုနှစ်မှာလည်း loyalty program သစ်တစ်ခုနဲ့ ဆန်းသစ်တီထွင်တဲ့ ဈေးဝယ်မှုအတွေ့အကြုံသစ်တွေကို ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်လျက်ရှိပါတယ်။

City Mart Supermarket အနေနဲ့ ဆိုင်ခွဲတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်ပြီး မြန်မာနိုင်ငံရဲ့ ရန်ကုန် နဲ့ မန္တလေး မှာရှိတဲ့ စားသုံးသူမိဘပြည်သူတွေကို စိတ်ကျေနပ်နှစ်သက်မှုရရှိစေမယ့် ၀န်ဆောင်မှုကောင်းတွေနဲ့ ဆန်းသစ်တီထွင်ပြီး အသစ်အသစ်သော ဈေးဝယ်မှု အတွေ့အကြုံသစ်များပေးစွမ်းနိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိတဲ့အပြင် မိမိတို့ရဲ့လူမှုအဖွဲ့အစည်းအတွက် ပြန်လည် အကျိုးပြုနိုင်မယ့် လုပ်ငန်းတွေကိုလည်း အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Sourced From Duwun
2nd/Aug/2k18





အဆိုတော် မီမီဝင်းဖေရဲ့ Solo Concert


သီချင်းအေးအေးလေးတွေနဲ့ ပရိတ်သတ်ရဲ့ ရင်ကို ခုချိန်ထိ ဆုပ်ကိုင်ထားနိုင်တဲ့ တေးသံရှင် တယောက်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲလေးကို ပြောပြချင်ပါတယ်..

မီမီဝင်းဖေရဲ့ တကိုယ်တော် ဖျော်ဖြေပွဲလေးကို August 25 ရက်နေ့ Sky Star Hotel မှာ Indoor concert ပုံစံမျိုးနဲ့ သူမကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် ဖျော်ဖြေတင်ဆက်သွားမှာပါ...

ပွဲတွေမလုပ်တာလဲ တော်တော်ကြာနေပြီဖြစ်တဲ့ မမီအတွက် သူ့ရဲ့ အမာခံပရိတ်သတ်များကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

VIP - 70,000 MMK (Limited Ticket)

Blue Zone - 50,000 MMK 

Green Zone - 30,000 MMK

Pink Zone - 20,000 MMK

လက်မှတ်တွေက အရေအတွက် အကန့်အသတ်ရှိလို့ မြန်မြန်ဝယ်ထားမှစိတ်ချရမှာနော်...လက်မှတ်မှာမယ်ဆိုရင်တော့ Hot line: 09 445 151 010 ကိုသာခေါ်ဆိုလိုက်နော်

အိမ်အရောက်ကို လာပို့ပေးမှာနော်..

Credit : Myanpwel


 Advertisement Area


imex