Entertainment



ထောင်ထဲမှာနေခဲ့ရတဲ့စိတ်ကို တစ်ခုမှသဘောမကျဘူးလို့ဆိုလိုက်တဲ့ သရုပ်ဆောင်ရဲတိုက်


သရုပ်ဆောင်ရဲတိုက်ကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပန်းဆိုးတန်း ဆင်းန်ဂလယ်ရီမှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ ရုတ်တရက် တွေ့ဆုံဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီတွေ့ဆုံပွဲမှာလည်း သူ့အနေနဲ့ ဝမ်းနည်း၊ဝမ်းသာဖြစ်ခဲ့ရပေမယ့် ငိုလို့မရတဲ့ အကြောင်းကိုလည်း မီဒီယာတွေ ကနေတဆင့် ရင်ဖွင့်စကားဆိုခဲ့ပါတယ်။

'' ဘယ်သူမှလည်း ကျွန်တော့်ကို မတွေ့ချင်သေးဘူးလို့ထင်တာ အခုမှသာ ကျွန်တော်ထောင်ကျလိုက်လို့ တွေ့ချင်တာလားလို့။ အရင်တုန်းက အရမ်းလိမ္မာလို့မချစ်ကြတာလားလို့။ ပရိသတ်တွေပေးတဲ့လက်ဆောင်ကိုလည်း အကုန်ကြိုက်တယ်။ အမှတ်တရ အဖြစ်ဆုံးကတော့ အခု မသိသေးဘူး နှစ်ရှည်လ များကြာတော့မှ အဲ့ဒီအရာက အမှတ်တရဖြစ်တယ် မဖြစ်ဘူးဆိုတာ သိရမှာ။ အခုချိန်မှာ အမှတ်တရအဖြစ်ဆုံး လက်ဆောင် တစ်ခုရှိတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ပေးထားတာဆိုတော့ မတက်နိုင်ဘူး'' လို့ ဆိုပါတယ်။

ထာင် ၄ နှစ်ကျပြီးနောက် ပြန်ထွက်လာတဲ့အခါမှာ ပထမဆုံးအကြိမ်ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမှာ ပျော်လည်းပျော်တယ်၊ ဝမ်းလည်းနည်းတယ် ဆိုတာကိုလည်း ရဲတိုက်က အခုလို ရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' ပျော်လည်းပျော်တယ်၊ ဝမ်းလည်းဝမ်းနည်းတယ်၊ တစ်ခုခုလိုနေသလိုလည်း ခံစားရတယ်။ ဒါပေမယ့် ငိုလို့တော့မရဘူး အဲ့ဒါ ကျွန်တော့် အမှားတော့ မဟုတ်ဘူး အဲ့ဒါ ထောင်အမှာ အပြစ်ရှိတယ်။ ထောင်မှာ ခဏခဏငိုရင် မင်း ယောက်ျားမဟုတ်ဘူးလား ဟေ့ကောင် ၊ မင်းကို ငါတို့က ဘာလုပ်နေလို့လဲ။ အပြစ်ရှိလို့ အပြစ်ခံရတာဆိုတော့ လူတွေက ငိုတာကို လူတွေက ငိုတာကို မကြိုက်ကြဘူး အပြစ်ရှိတယ်ဆိုတာကို ခပ်မာမာပဲ ခံစေချင်တယ်။ ဒါပေမယ့် ကျွန်တော်ပြန်ငိုမှာပါ နဂိုပုံစံကိုပဲ သဘောကျတယ် အဲ့ဒီအထဲမှာနေရတဲ့ စိတ်ကို တစ်ခုမှ သဘောမကျ ဘူး။မတက်သာလို့သာ နေခဲ့ရတာ'' လို့ ဆိုပါတယ်။

source from Duwn Entertainment




Gisele Bundchen ကိုကျော်ဖြတ်ပြီးဝင်ငွေအမြင့်ဆုံးမော်ဒယ်ဖြစ်သွားတဲ့ Kendall Jenner


Forbes Magazine ရဲ့ ထုတ်ပြန်ချက်အရဒီနှစ်ရဲ့ ဝင်ငွေအနုပညာကြေးအမြင့်ဆုံးကိုတော့ Gisele Bundchen ကိုတောင်ကျော်တက်ပြီး Kendall Jenner ကရရှိသွားပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ Kardashaians မိသားစုဝင်လေး Kendall ဟာဈေးအမြင့်ဆုံး ၀ါရင့်စူပါမော်ဒယ် Gisele Bundchen ကိုကျော်တက်သွားတဲ့ပထမဦးဆုံးမော်ဒယ်လေးဖြစ်ပြီး တစ်နှစ်အတွင်းဝင်ငွေက $22 Million ရှိပါတယ်။ အဲ့ဝင်ငွေတွေကိုသူမရဲ့  Modelling အလုပ်အပြင် Estee Lauder,Adidas နဲ့ La Perla အစရှိတဲ့ Brand တွေမှာလည်း Embassador အဖြစ်ရော Commercial အဖြစ်ကနေရောရရှိတာဖြစ်ပါတယ်။ ဒါ့အပြင်သူမ Kardashains Family ရဲ့ ကိုယ်ပိုင် TV Show “Keeping up with the Kardashians” ရုပ်သံလိုင်းတွေမှာလည်းပါဝင်နေသလို ညီမဖြစ်သူ Kylieနဲ့အတူ “KENDALL+KYLIE” ဖက်ရှင်အ၀တ်အစားတွေကိုလည်းထုတ်လုပ်နေပါတယ်။

 

Forbes ကရွေးချယ်လိုက်တဲ့ Highest Paid Model စာရင်းကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

 

Kendall Jenner - $22 million

Gisele Bundchen - $17.5 million

Chrissy Teigen - $13.5 million

Adriana Lima - $10.5 million

Gigi Hadid - $9.5 million


Sourced new from Mode Magazine




အောင်ပန်းက ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် စိုင်းစိုင်းခမ်းလှိုင်


အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သုံးနှစ်သားအထိ နေခဲ့ဖူးတဲ့ အောင်ပန်းမှာ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲနဲ့အတူ ပြန်သွားရတော့မှာ ဖြစ်ပါတယ်။ အောင်ပန်းက ပရိသတ်တွေနဲ့ပထမဆုံး အကြိမ် တွေ့ဆုံမယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"ဂီတချစ်သူများ ကျွန်တော် ဒီည အောင်ပန်းမှာ ဖျော်ဖြေပါမယ် ။

အောင်ပန်းမှာ ကျွန်တော်မွေးကင်းစကနေ ၂နှစ် ၃နှစ်သားအထိ နေခဲ့ဖူးတယ်

အောင်ပန်းမှာ ကျွန်တော်ဖေဖေရဲ့ Freedom ဆိုတဲ့ တေးသံသွင်းဆိုင်လေးရှိခဲ့ဖူးတယ်

ဒီညတော့ ပထမဆုံးအကြိမ်အဖြစ် အောင်ပန်းမှာ ကျွန်တော်ဆိုပါမယ်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အောင်ပန်းမှာ ဖျော်ဖြေမယ့် အစီအစဉ်ကို ပြောပြလိုက်ရုံသာမက နောက်ထပ် သူပါဝင်ဖျော်ဖြေမယ့် ပွဲစဉ်တွေကိုလည်း ပြောပြထားပါတယ်။

ဒီဇင်ဘာ (၁)ရက်နေ့မှာ အောင်ပန်းမှာ ဖျော်ဖြေမှာ ဖြစ်ပြီး ဒီဇင်ဘာ(၁၈)ရက်နေ့မှာ ဖျာပုံ၊ ဒီဇင်ဘာ(၂၁)ရက်နေ့မှာ မကွေး၊ ဒီဇင်ဘာ(၂၂)ရက်နေ့မှာ တောင်ငူ၊ ဒီဇင်ဘာ(၂၃)မှာ ပခုက္ကူနဲ့ (၂၄၊၂၅)မှာ ဘားအံ၊(၂၉)မှာ သရက်နဲ့ ဒီဇင်ဘာ(၃၁)ရက်နေ့မှာတော့ ရန်ကုန်မှာ ဖျော်ဖြေမှာ ဖြစ်တယ်လို့ ပြောပြထားပါတယ်။

ဇန်နဝါရီလ (၃)ရက်မှာတော့ ပဲခူး၊ (၅)ရက်မှာ မုံရွာ၊ (၇)ရက်နေ့မှာ ရွှေဘို၊ (၁၃)ရက်နေ့မှာ ထားဝယ်နဲ့ ၁၆ရက်နေ့မှာ မြိတ်မြို့တို့မှာ ဖြစ်ပါတယ်။

သူပါဝင်ဖျော်ဖြေမယ့် ဖျော်ဖြေပွဲတချို့ကတော့ SAMSUNG ရဲ့ Galaxy Music Tour အစီအစဉ်နဲ့ ဖြစ်တယ်လို့ သူက ပြောပြထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်း များစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။


Sourced from Duwun




2017 Billboard Women in Music ဆုပေးပွဲမှာ ဆယ်လီနာဂိုးမက်စ်က Woman of the Year ဆု ရရှိ


၂၀၁၇ ကတော့ ဆယ်လီနာရဲ့နှစ်လို့ပဲ ပြောရတော့မှာပါပဲ။

ဆယ်လီနာဂိုးမက်စ်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ကျန်းမာရေးအခြေအနေရှိခဲ့ပေမဲ့ သီချင်းသစ်တွေလည်း ဆိုနိုင်ခဲ့ပြီး အင်စတာဂရမ်မှာလည်း ဆက်လက်ပြီး နာမည်ကြီးနေခဲ့သူပါ။ အခု သူမဟာ 2017 Billboard Women in Music ဆုပေးပွဲမှာ Woman of the Year ဆုနဲ့ သူမရဲ့ကြိုးစားမငတွေကို အသိအမှတ်ပြုခံလိုက်ရပါပြီ။

နိုဝင်ဘာလ ၃၀ ရက်နေ့က လော့ဆန်းဂျလိစ်မှာ ကျင်းပတဲ့ 2017 Billboard Women in Music ညစာစားပွဲနဲ့ ဆုပေးပွဲကို တက်ရောက်လာတဲ့ ဆယ်လီနာဟာ သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဖြေကြားခဲ့ပါတယ်။

"ကျွန်မ နေကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီအတွေ့အကြုံတွေကြောင့် ဘဝအပေါ် ကျွန်မရဲ့အမြင်က နည်းနည်းပြောင်းလဲသွားတယ်။ အဲဒီအတွက် ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မပြောပြချင်တဲ့ ပုံစံနဲ့ ကျွန်မအကြောင်းကို မျှဝေခွင့်ရတာကိုလည်း ၀မ်းသာတယ်။ ကျွန်မနေကောင်းပါတယ်။ တကယ့်ကို ကောင်းပါတယ်" လို့ ဆယ်လီနာက ဖြေခဲ့ပါတယ်။

ဆယ်လီနာနဲ့ ဂျက်စတင်ဘီဘာရဲ့ အချစ်ရေးအခြေအနေက အခုအချိန်မှာ အရမ်းကို နာမည်ကြီးနေပေမဲ့ ဒီပွဲမှာတော့ ဆယ်လီနာက ဂီတအကြောင်းကိုပဲ ပြောချင်ခဲ့ပါတယ်။

"ကျွန်မ ဒီနှစ်ထဲမှာ သီချင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ခဲ့တာပါ။ ဒါတွေအားလုံးက အယ်လ်ဘမ်ထုတ်ဖို့အတွက်ပါ" လို့ သူမက ဖြေကြားခဲ့ပါတယ်။

Lupus ရောဂါကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရတဲ့ ဆယ်လီနာဟာ ယခုနှစ် ဇူလိုင်လမှာ ကျောက်ကပ်အစားထိုးကုသလိုက်ရပါသေးတယ်။ အဲဒီနောက် ချစ်သူ The Weeknd နဲ့ လမ်းခွဲခဲ့ပြီး မကြာမီမှာ အချစ်ဟောင်းဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ ပြန်လည် အဆင်ပြေခဲ့ပါတယ်။

ဒီနှစ်က ဆယ်လီနာအတွက် အပြောင်းအလဲတွေ အရမ်းများတဲ့ နှစ်တစ်နှစ်ပါပဲ။

Sourced from Duwun




ပရိသတ်တွေပေးတဲ့ အကယ်ဒမီ ရနေပြီဖြစ်တဲ့ မမတာနဲ့ အဝေး


အကယ်ဒမီရွှေစင်ရုပ်တုတွေကို ပိုင်ဆိုင်ဖို့သာ ကျန်ပါတော့တယ်။

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ "တာတေကြီး" ဇာတ်ကားနဲ့ "ရင်ဘက်ထဲကဓား " ရုပ်ရှင်ဇာတ်ကားနှစ်ကား စလုံးဟာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားတွေမှာ ပါဝင်ထားတဲ့ နေတိုး ၊ အိန္ဒြာကျော်ဇင်တို့ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ သရုပ်ဆောင်များ ဖြစ်ပါတယ်။

နေတိုးကတော့ တာတေကြီး ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီရလိမ့်မယ်ဆိုပြီး ပရိသတ်တွေက ခန့်မှန်းထား ပါတယ်။ အဲ့လိုပဲ အိန္ဒြာကျော်ဇင်ဟာလည်း  "ရင်ဘက်ထဲကဓား" ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေပေးတဲ့ အကယ်ဒမီကို ရရှိနေသူဖြစ်ပါတယ်။

တာတေကြီး ဇာတ်ကားမှာ နေတိုးဟာ မမတာဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့သူပါ။ မိန်းမလျာတစ်ယောက်အဖြစ် ဘဝကို ကြိုးစားရုန်းကန်ရင်း မသာမာသူတွေရဲ့ ယုတ်မာမှုကို ခံရပြီး မိသားစုလိုက် သေသွားခဲ့ရာက အစွဲအလမ်းကြီးသူတစ်ဦးဖြစ်ပြီး မကျွတ်မလွတ်ပဲ သရဲဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။

မမတာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ရုံသာမက မိသားစု သုံးယောက်စလုံး သရဲဝင်ပူးချိန်မှာ တစ်ယောက်တည်း ပုံဖော်ထားပုံက နေတိုးရဲ့ သရုပ်ဆောင် ပိုင်ဆိုင်မှုကို ထင်ဟတ်စေတာလည်း ဖြစ်ပါတယ်။

အဲ့ဇာတ်ကားကြည့်ပြီးနောက် ပရိသတ်တွေအားလုံးဟာလည်း မမတာကို အကယ်ဒမီဆုရစေချင်ကြပါတယ်။ ပရိသတ်တွေကလည်း တာတေကြီး ဇာတ်ကားနဲ့ ပတ်သက်ပြီး နေတိုးရဲ့ ကာရိုက်တာအပေါ် ယခုလို မှတ်ချက်များလည်း ပေးထားကြပါသေးတယ်။

"နေတိုးဇာတ်ဝင်ခန်းတွေမှာ အမှတ်တရပြောရရင် သရဲဝင်ပူးတဲ့အခန်းတကယ့်အပြစ်အပျက်နဲ့တူလွန်းတယ် ဒါကြောင့်စစ်မှန်တဲ့ သရုပ်ဆောင်မှု့နဲ့အတူ အမှန်တရားတွေ ဥာဏ်မများဘဲ အစစ်မှန်သော အကယ်ဒမီရပါစေလို့ ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။ အကယ်ဒမီရေ" ဆိုတဲ့ မှတ်ချက်တွေကတော့ ဝေဝေဆာဆာကို တွေ့ရတာပါ။

"ရင်ဘက်ထဲကဓား" ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်ဟာ အဝေးဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ဝတ္ထုလမင်းမိုမိုရဲ့ အမှောင်ထဲမှာဆိုတဲ့ ဇာတ်ကို ရင်ဘက်ထဲကဓား ရုပ်ရှင်အဖြစ် ပရိသတ်တွေကို ဆွဲဆောင်နိုင်အောင် ဖန်တီးထားတဲ့ ပါဝင်တဲ့ အနုပညာရှင်တွေရဲ့ လုပ်ဆောင်ချက်ကတော့ အံ့မခန်းပါပဲ။

အဲ့ဒီဇာတ်ကားမှာ အဝေးအဖြစ် သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်အတွက် ပင်ပန်းတဲ့ ကားတစ်ကားလို့ ဆိုရမှာပါ။ ကိုယ့်ထက် အသက်ငယ် တဲ့ ဆေးကျောင်းသားလေးကို အချစ်တစ်ခုတည်းကိုးကွယ်ပြီး ယူထားကာ အိမ်ထောင်တစ်ခုကို ကိုယ်တိုင် ဦးဆောင်နေရသူ အဖြစ် သရုပ်ဆောင်ထားပါတယ်။

sourced from Duwun


 Advertisement Area


imex