Entertainment



လယ်ယာထဲမှာပဲ အလုပ်လုပ်ချင်တော့တယ်ဆိုတဲ့ ဂျနီဖာလောရင့်စ်


ဆိတ်မွေးတဲ့အလုပ်ပဲ လုပ်တော့မယ်လို့ဆိုပါတယ်။

ကမ္ဘာကျော်ဟောလိဝုဒ်မင်းသမီးချော ဂျနီဖာလောရင့်စ်ဟာ ရုပ်ရှင်ဇာတ်ကားတွေရိုက်နေရတာကို စိတ်ကုန်လာပုံရပါတယ်။ အခုလက်ရှိအနုပညာအလုပ်တွေကို ရပ်နားပြီး လယ်အလုပ်၊ ယာအလုပ်ပဲလုပ်ချင်ပါတော့တယ်တဲ့။

Elle Magazine ကို 'ကျွန်မရုပ်ရှင်ဆက်မရိုက်ချင်တော့ဘူး။ လယ်ယာအပိုင်လေးဝယ်ပြီး လယ်အလုပ်ပဲလုပ်ချင်တော့တယ်။ ဆိတ်လေးတွေမွေးပြီး ဆိတ်နို့ထုတ်ရတာ၊ ဆိတ်ကျောင်းရတာပဲဖြစ်ဖြစ်ပေါ့' လို့ သူမကပြောကြားခဲ့တာပါ။

နောက်ပိုင်းမှာ သရုပ်ဆောင်လုပ်ရတာထက် အများအကျိုးနဲ့ လူမှုဘ၀နဲ့ပိုပတ်သက်ဆက်နွယ်ပြီး အကျိုးရှိမယ့်အလုပ်တွေကို ပိုလုပ်လာတာတွေ့ရတဲ့ ဂျနီဖာဟာ အနုပညာလောကမှာ အောင်မြင်မှုအကြီးကြီးမရရင်လည်း ဘာမှမဖြစ်ဘူးလို့ ဆိုခဲ့ပါသေးတယ်။ သာမန်လူမှုဘ၀ပုံစံကိုလည်း ပိုနှစ်သက်သူမို့ သရုပ်ဆောင်အလုပ်ကို သိပ်စိတ်မပါတော့တာလည်း ဖြစ်ပုံရပါတယ်။

၂၀၁၀ - Winter's Bone ရုပ်ရှင်ဇာတ်ကားကနေစတင်ပြီး အောင်မြင်မှုတွေရရှိလာခဲ့တဲ့သူမဟာ The Hunger Game, X-Men ရုပ်ရှင်ဇာတ်ကားတွေနဲ့လည်း အောင်မြင်မှုတွေပိုတိုးလာအောင် ကြိုးစားနိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ၂၀၁၈ မှာရုံတင်ပြသမယ့် X-Men: Dark Phoenix ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေရသေးတယ်လို့လည်း ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂျေလော်ဟာ မကြာသေးမီက ထွက်ရှိထားတဲ့ သူမရဲ့ Mother ရုပ်ရှင်ကား ဒါရိုက်တာ ဒါရန်အာရွန်နော့ဖ်စကီနဲ့ ချစ်သူတွေဖြစ်ပြီး တစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့အပတ်ကပဲ လမ်းခွဲလိုက်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရန်နဲ့ သူမကြားမှာ အသက်အရွယ်ကွာခြားလွန်းမှုက လမ်းခွဲဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းဖြစ်တယ်လို့လည်း သိရပါတယ်။


Sourced from Duwun





ပရိသတ်တွေနဲ့ အလှူလုပ်ဖို့ စဉ်းစားထားတဲ့ ဘီလီလမင်းအေး


ဘီလီလမင်းအေးဟာ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ အစီအစဉ်လေး တစ်ခုကို ပြောပြလိုက်ပါတယ်။ သူမရဲ့ ပရိသတ်တွေနဲ့ မဆုံတာ ကြာနေပြီဖြစ်တဲ့ ဘီလီဟာ ပရိသတ်တွေနဲ့အတူတွဲကာ အလှူလေး လုပ်ဖို့ စဉ်းစားထားတယ်တဲ့။

"ညီအကိုမောင်နှမ များအားလုံး မင်္ဂလာပါ။ ဖူး page ကနေ ပိုစ့်မတင်ဖြစ်တာ နဲနဲ ကြာပြီနော် သတိရ နေကြသေးလား ဟင်

ညီ အစ်ကို မောင်နှမတွေ နဲ့ စုစုစည်းစည်း မ ဆုံဖြစ်တာ ကြာလို့ အားလုံး နဲ့ အတူတူ ခရီးသွားဖို့ ဆုံ ဖို့ စီစဉ်နေတာ တစ်ခု ရှိပါတယ်

ဖူးက အခု လာမဲ့ ၂၅ ရက်နေ့ ခရစ်စမတ် ပိတ်ရက် မှာ ညီအကို မောင် နှမ တွေ နဲ့ အတူတူ မြို့လေး တစ်မြို့မှာ နွမ်းပါးကလေး ငယ် တွေ အတွက် အလှုလေး တစ်ခု အတူတူ သွားလုပ် မလို့ပါ။

အဲ့ဒါ ဘယ် မြို့ ဖြစ်မလဲ ဆိုတာ လေး ကို ဖြေကြည့်ကြမလား ဟင်?

ညီအစ်ကိုမောင်နှမများ အားလုံးကို လဲ အတူတူလိုက်ဖို့ ဆုံကြဖို့ ဖိတ်ချင်ပါတယ်

အဲ့ဒါ ဘယ်သူတွေက ဖူးနဲ့ ရန်ကုန် ကနေ အဲ့မြို့လေးကို အတူတူ ခရီးသွားချင် ကြလဲ ဆိုတာရယ်

ဘယ်သူတွေက အဲ့ပွဲကို လာချင်တယ် ဆိုတာကို ပြောသွား ပေးကြမလား?

ညီအကိုမောင်နှမ များ အားလုံး ..ကို

Merry Christmas လို့ အကြို ပြောထားမယ် နော်

အားလုံးနဲ့ အရင်က အတူတူ အလှူလုပ်ခဲ့ကြဖူး တဲ့ အချိန်လေးတွေကို သတိ ရနေမိတယ်" ဆိုပြီးတော့ ရေးသားထားတာ ဖြစ်ပါတယ်။

ဘီလီကတော့ လက်ရှိမှာ ခရီးတွေ သွားဖြစ်နေသလို သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘီလီလမင်းအေးဟာ Myanmar Idol အစီအစဉ်ကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။


Sourced from Duwun




ချစ်သူတွေဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ဆိုအင်ဂူနဲ့ ပါ့ခ်ဘိုရမ်


အသက် ၇ နှစ် ကွာပါတယ်။

တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် ဆိုအင်ဂူနဲ့ အဆိုတော် ပါ့ခ်ဘိုရမ်တို့ ချစ်သူတွေဖြစ်နေတာ တစ်နှစ်ခွဲတောင် ရှိနေပြီလို့

သိရပါတယ်။

သူတို့နှစ်ဦးစလုံးဟာ Superstar K အဆိုပြိုင်ပွဲ အစီအစဉ်ရဲ့ ပြိုင်ပွဲဝင်ဟောင်းတွေ ဖြစ်ကြပါတယ်။ အသက် ၃၀ အရွယ် -ဆိုအင်ဂူ (Soe In Guk) က ယင်းအစီအစဉ်ရဲ့ ပထမဆုံး Season မှာ ပါဝင်ခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ပါ့ခ်ဘိုရမ် (Park Bo Ram) က ဒုတိယ Season မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အသက် ၇ နှစ်ကွာပေမဲ့ အရမ်းရင်းနှီးကြကြောင်းလည်း အစကတည်း သိရပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ သူတို့နှစ်ဦး ဒိတ်လုပ်နေကြတယ်ဆိုတဲ့ သက်သေတွေရှိကြောင်း TV အစီအစဉ်တစ်ခုက ဆိုလာပါတယ်။ သူတို့နှစ်ဦးဟာ သီးခြားနေရာတစ်ခုစီကနေလာပြီး တွေ့နေကျနေရာလေးမှာ တွေ့ဆုံလေ့ရှိကြတယ်လို့ ဆိုပါတယ်။

ပါ့ခ်ဘိုမ်ရဲ့ဖခင်ဟာ ၂၀၁၀ ပြည့်နှစ်မှာ ကွယ်လွန်သွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မိခင်ဖြစ်သူလည်း ကွယ်လွန်သွားချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ ဆိုအင်ဂူက ပါ့ခ်ဘိုရမ်တစ်ယောက် အခက်အခဲတွေနဲ့ရင်ဆိုင်ရတိုင်း အနားမှာရှိနေခဲ့ပြီး သူမကလည်း ဆိုအင်ဂူအတွက်ဆို အမြဲအသင့်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့သတင်းကို ဆိုအင်ဂူရဲ့အေဂျင်စီက အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိပါဘူးလို့ဆိုပါတယ်။

ကဲ..ကိုရီးယားဆယ်လီလောကရဲ့ ချစ်စဖွယ် စုံတွဲလေးတစ်တွဲ ထပ်တိုးလာပြီဖြစ်လို့ သူတို့ကို Congratulation လုပ်ပေးကြပါဦးနော်။


Sourced from Duwun




ဗိုလ်ချုပ်ရုပ်ရှင်တွင် လိုအပ်မည့် အဆောက်အအုံ၊ လေယာဉ်နှင့် အသုံးအဆောင်ပစ္စည်းများကို ကာကွယ်ရေးဝန်ကြီးဌာန ပံ့ပိုးကူညီမည်



ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ဇာတ်ကားတွင် လိုအပ် မည့် အသုံးအဆောင်ပစ္စည်းများကို ကာကွယ်ရေးဝန်ကြီးဌာန အပါအ၀င်သက်ဆိုင်ရာဝန်ကြီးဌာနများက ကူညီပေးမည်ဖြစ်ကြောင်း သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် အဆောက်အအုံများ အပါ အ၀င် လေယာဉ်နှင့်အသုံးအဆောင်ပစ္စည်းများကိုလည်း ကာကွယ်ရေး ၀န်ကြီးဌာနက ကူညီမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ကာကွယ်ရေးနဲ့ ဆက်စပ်တာတွေ၊ ယမ်းဖောက်ခွဲတာတို့၊ လက် နက်၊ အ၀တ်အစားတို့ စသဖြင့်ပေါ့။ ဒီဟာတွေကို ကာကွယ်ရေးက ထောက်ပံ့လိမ့်မယ်’’ ဟု ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ကျင်းပ သော (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးညီလာခံ ဆက်စပ်အစည်းအဝေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ၎င်းကမီဒီယာများအား ပြောသည်။လက်ရှိတွင် ရုပ်ရှင်ရိုက်ကူး ရေးအတွက် ၀န်ကြီးဌာနများက ပေါင်းစပ်ဖွဲ့စည်းထားသည့် လုံခြုံ ရေး၊ ကျန်းမာရေး၊ ထောက်ပံ့ရေး အစရှိသည့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဦးထွန်းအုံကပြောသည်။

‘‘ရုပ်ရှင်ရိုက်ဖို့ လိုအပ်တဲ့ ကဏ္ဍတွေအားလုံးကို ၀န်ကြီးဌာန တွေက ကူညီပါမယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ကို ယခင်က ကျပ်သိန်းသုံးသောင်း အကုန်အကျခံရိုက်ကူးရန် ရည် ရွယ်သော်လည်း လက်ရှိဇာတ် ကားရိုက်ကူးရန် သိန်းရှစ်ထောင် ခန့်သာရှိသောကြောင့် ဇာတ်ညွှန်းကို ပြန်လည်ပြင်ဆင်ရေးဆွဲနေ ကြောင်း ရုပ်ရှင်ရိုက်ကူးမည့် ဒါ ရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းစဉ်ကို ၂၀၁၈ ဇန်န၀ါရီ ၁ ရက်တွင် စတင်မည် ဖြစ်ပြီး ၂ နှစ်အချိန်ယူဆောင်ရွက် မည်ဖြစ်သည်။

ယင်းဇာတ်ကားရိုက်ကူးရန် သမိုင်းအထောက်အထား လွဲမှား မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက် မည့် လုပ်ငန်းကော်မတီကို ပြည် ထောင်စုအစိုးရအဖွဲ့က နိုဝင်ဘာ ၂၄ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီတွင် သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရုပ်ရှင်အနုပညာ ရှင်များအပါဝင် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပူးပေါင်းဆောင် ရွက်မည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင် ဖွဲ့စည်းပြီး အဆိုပါ ရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်းအသက် (၁၀၀) ပြည့်မြောက်သည့် ၂၀၁၅ ၌ ရုံတင်ပြသနိုင်ရန် စီစဉ်ခဲ့သည်။ သို့သော်နှစ်(၁၀၀)ပြည့်တွင် ရုပ်ရှင်ရိုက် ကူးရေး အလှူငွေရှာရန် အမြည်း နမူနာသာ ရိုက်ကူးနိုင်ပြီး ယင်းနမူ နာကိုလည်း ဝေဖန်မှုများ ရှိခဲ့သည်။

Sourced from 7DayDaily





သမီးလေးအတွက် လက်တွဲမဖြုတ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ဘီယွန်းဆေးနဲ့ ဂျေဇီး


အားလုံးကို အတိတ်မှာထားခဲ့ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ ဘီယွန်းဆေးနဲ့ ဂျေဇီးတို့ဟာ အသက် ၅ နှစ်အရွယ် သမီးကြီး ဘလူးအိုင်ဗီ၊ ၆ လသာ ရှိသေးတဲ့ အမြွှာလေးနှစ်ယောက်ဖြစ်တဲ့ Sir နဲ့ Rumi တို့နဲ့အတူ လော့ဆန်းဂျလိစ်ကို သီးသန့်လေယာဉ်နဲ့ ရောက်ရှိလာတာကို မြင်တွေ့ခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ ပြဿနာတွေကို အတိတ်မှာပဲ ထားခဲ့ပြီး ကလေးတွေအတွက် ဆက်လက်လက်တွဲကြဖို့  အတော်လေး ကြိုးစားခဲ့ရကြောင်း People မဂ္ဂဇင်းမှာ ပါဝင်လာပြီးတဲ့နောက် အခုလို တွေ့ရတာ ဖြစ်ပါတယ်။

ဂျေဇီးဟာ ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးတစ်ခုမှာ သူ ဖောက်ပြန်ခဲ့ဖူးကြောင်းကို အင်တာဗျူးတစ်ခုမှာ ဝန်ခံခဲ့တာ ဖြစ်ပြီး  ဘီယွန်းဆေးက သမီးလေးအတွက် အိမ်ထောင်ရေးကို အပျက်မခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

"(ဂျေဇီးဖောက်ပြန်ခဲ့ချိန်မှာ) ဒီအိမ်ထောင်ကို ဆက်လက်ထိန်းသိမ်းဖို့ သူတို့အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဘီယွန်းဆေးအတွက် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အချိန်တော်တော် ယူခဲ့ရတယ်။ အားလုံးကိုမေ့ပျောက်၊ ခွင့်လွှတ်ဖို့ သူ တော်တော်လေး ကြိုးစားခဲ့ရတာပါ။ ဒါပေမဲ့ သူမရဲ့မိသားစု အတူတကွရှိဖို့က အရမ်းကို အရေးကြီးနေတယ်လေ" လို့ အတွင်းလူတစ်ဦးက ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ဆက်ဆံရေးမှာတော့ အက်ကြောင်းက ကြီးမားခဲ့ပြီး မိဘတာဝန်တွေက ဘီယွန်းဆေးနဲ့ ဂျေဇီးကို ချည်နှောင်ထားခဲ့ပါတယ်။

"ဘလူးအိုင်ဗီကြောင့်သာ မဟုတ်ရင် သူတို့ အတူတူ ရှိနေကြမှာမဟုတ်ဘူး။ အခုလို ဖြစ်ဖို့အတွက် နှစ်ပေါင်းများစွာ သူတို့ အချိန်ယူခဲ့ရတယ်" လို့ ထိုသတင်းပေးက ပြောခဲ့ပါတယ်။

အခုဆိုရင် သူတို့စုံတွဲရဲ့ အိမ်ထောင်သက်ဟာ ၉ နှစ်တောင်ရှိနေပြီဖြစ်ပြီး နောက်ထပ် အမြွှာကလေး ၂ ဦးကိုလည်း လွန်ခဲ့တဲ့ ၆ လကမှာ မွေးဖွားခဲ့ပါတယ်။ သူတို့ရဲ့အိမ်ထောင်ရေးပြဿနာတွေကိုတော့ ကုထုံးတွေနဲ့ ဖြေရှင်းနေတာပဲ ဖြစ်ပါတယ်။

ဘီယွန်းဆေးနဲ့ ဂျေဇီးကို ဖျော်ဖြေရေးကဏ္ဍမှာ ဒေါ်လာ တစ်ဘီလျံ ပိုင်ဆိုင်တဲ့ ကမ္ဘာ့ပထမဆုံး စုံတွဲအဖြစ် Forbes မဂ္ဂဇင်းက သတ်မှတ်ထားပါတယ်။ သူတို့နှစ်ဦးပေါင်း ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၁၆ ဘီလျံ ရှိပါတယ်။

Sourced from Duwun



 Advertisement Area


imex