Entertainment



၂၀၁၈ ကို သယ်ဆောင်မသွားသင့်တော့တဲ့ မိတ်ကပ်ပြင်ဆင်မှုများ


၂၀၁၇ ကုန်ပြီး ၂၀၁၈ ကိုရောက်တော့မယ်ဆိုတော့ နှစ်သစ်မှာ အလှအပရေးရာတွေနဲ့ ပတ်သက်လို့ ပြောင်းလဲစဉ်းစားနေပြီလား။နှစ်သစ်မှာ ပြောင်းလဲသင့်တဲ့အထဲ မိတ်ကပ်ပြင်ဆင်မှုတွေလည်း ပါတယ်ဆိုတာ မမေ့စေချင်ပါဘူးနော်။အခုအောက်မှာ ပြောပြပေးထားတဲ့ Tip လေးတွေက မိတ်ကပ်ပညာရှင်တွေ ကိုယ်တိုင် အကြံဥာဏ်ပေးထားတဲ့ အချက်တွေဖြစ်လို့ သင့်အနေနဲ့ မလိုအပ်တဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကို ချန်ထားဖို့ စတင်ပြင်ဆင်လိုက်ပါတော့။

၁-Highlighter တွေကို ချန်ထားခဲ့လိုက်ပါ။

မိန်းကလေးအများစုကတော့ ကိုယ့်မျက်နှာကို ၀င်းဝင်းလေးနဲ့ Glow ဖြစ်နေတာကို မကြိုက်တဲ့သူရယ်လို့ ရှိမယ်မထင်ပါဘူး။ဒါပေမယ့်  ဒီအချိန်မှာတော့ Highligher တွေရဲ့ အသုံးဝင်မှုက ချန်လှပ်ထားရမယ့်အရာတွေထဲမှာပါသွားပါပြီ။နှစ်သစ်မှာတော့ ခပ်ထူထူနဲ့ လျှပ်စီးလက်သလား ထင်မှတ်မှားရမယ့် Highlighter တွေကို သုံးမယ့်အစား သင့်နဂိုအသားအရေ ကြည်ကြည်လေးနဲ့ ပါးပါးပြောင်ပြောင်လေးဖြစ်မယ့် မိတ်ကပ်ပြင်ဆင်မှုတွေကသာ ပိုနေရာယူလာတော့မှာပါ။ဒါ့ကြောင့် အခုချိန်တည်းက Highlighter တွေအလွန်ကျွံသုံးမယ့်၊၀ယ်မယ့်အစား Skincare တွေကို ပိုအစားထိုး သုံးသင့်ပါတယ်။                                                                                                        ၂-ခပ်ထူထူ Contouring တွေကို မစဉ်းစားပါနဲ့တော့။

၂၀၁၈ မှာ သင့်ရဲ့ Contour Brush ကို လုံးဝကို မကိုင်ပါနဲ့တော့။ထပ်ပြီး ပြောပြပါမယ်။သင့် ၂၀၁၈ မှာ သင့်ရဲ့ Contour Brush ကို လုံးဝကို မကိုင်ပါနဲ့တော့။Instagram က တကယ့်ဘ၀မဟုတ်သလို Instagram မှာ ကျွန်မတို့ မြင်တွေ့နေကျ ခပ်ထူထူ Contouring လုပ်တာမျိုးက အလုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။ရံဖန်ရံခါ ပွဲတက်စရာရှိလို့ လိမ်းရတယ်ဆိုရင်တောင် ညိုလွန်း၊ထူလွန်းတဲ့ Contouring မျိုး သုံးစရာမလိုတော့ဘဲ ပါးနီလောက်နဲ့တင် လုံလောက်ပါတယ်။ဒါကြောင့် သင်ရဲ့ Contouring လုပ်တဲ့ အလေ့အကျင့်ကို ခဏမေ့ထားပြီး Blusher တွေနဲ့တင် အသွင်သစ်စဖို့ ပြင်ဆင်လိုက်ပါ။

၃-အိုဗာတင်းဖြစ်တဲ့ မျက်ခုံးထူထူတွေကို မေ့လိုက်ပါ။

၂၀၁၇ တစ်နှစ်လုံးကတော့ မျက်ခုံးမွှေးကို ငှက်မွှေးပုံစံ၊အတွန့်အဖတ်ပုံစံ စသည်ဖြင့် အမျိုးမျိုးစုံနေအောင် ဂယက်ထခဲ့ပေမယ့် ၂၀၁၈ မှာတော့ ဘယ်သူမှ ဒါမျိုး မျက်ခုံးမွှေးတွေကို လိုချင်တော့မှာမဟုတ်ပါဘူး။ပုံဖော်ထားတဲ့ သေသေသပ်သပ် မျက်ခုံးတွေက လူတွေ အချိန်တိုင်း သဘောကျသလို သဘာဝကျကျ ပုံစံတွေက အချိန်ပေးရလည်း သက်သာစေပါတယ်။သင့်အနေနဲ့ မျက်ခုံးမွှေးကို ပုံမှန် ပုံသွင်းပေးပြီး ကိုယ်နဲ့ လိုက်ဖက်တဲ့ Shape တစ်ခုအမြဲဆွဲလို့ရသလို မျက်ခုံးထူတဲ့သူဆိုရင် မျက်ခုံးကို သဘာဝအတိုင်း ထားလိုက်လို့လည်း ရပါတယ်။ပိုသဘာဝကျလေ သင့်မျက်ခုံးတွေက ပိုလှလေပါပဲ။




အရင်ကလို ဝန်းရံပေးပါဦးလို့တောင်းဆိုလိုက်တဲ့ မိစန္ဒီ


မိစန္ဒီကတော့ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ် နားဆင်နိုင်အောင် ပြင်ဆင်နေပါတယ်လို့ သိရပါတယ်။ အဲ့ဒီသီချင်းသစ်ကို အွန်လိုင်းမှာ ဇန်နဝါရီ(၁၃)မှာ Single Songe အနေနဲ့ ထွက်ရှိမှာဖြစ်ပါတယ်။
သီချင်း Audio ကိုလည်း Myanmar Music Store နဲ့ အခြား digital Platforms တွေမှာ ဝယ်ယူနားဆင်နိုင်မျာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။
သူမရဲ့ သီချင်းလေးကို "ဦးနှောက်မဲ့ငတုံး"ဆိုပြီး နာမည်ပေးထားတယ်လို့လည်း သိရပါတယ်။
"လူ​တွေဟာ တခါတ​လေအချစ်​နဲ့ ပတ်​သတ်​လာရင်​ ဥာဏ်​​တွေနည်းပြီး "ဦး​နှောက်​မဲ့ ငတုံး​" ​တွေဖြစ်​သွားတတ်​တယ်​.. ပရိတ်​သတ်​ကြီး​ရော အဲ့ဒီလိုဖြစ်​ဘူးလား?အဲ့ဒီ့အ​ကြောင်းကို မိစန္ဒီ သီချင်းတစ်​ပုဒ်​​ရေးပြီး ဆိုထားပါတယ်​..ဒီ လွမ်းစရာ မုန်းစရာ နားကျည်းစရာ သီချင်းတစ်​ပုဒ်​ဟာ ပရိတ်​သတ်​ကြီး ကို ရသတစ်​ခုခု​ပေးနိုင်​မယ်​လို့မျှော်လင့်တယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားပါတယ်။
သူမရဲ့ ပရိသတ်တွေလည်း အရင်တုန်းကလိုပဲ သူမကို ဝန်းရံပေးပါဦးဆိုပြီးတော့ တောင်းဆိုထားပါသေးတယ်။မိစန္ဒီဟာ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်ဆိုသလိုသွားနေရတာလည်း တွေ့ရပါတယ်။
မိစန္ဒီကတော့ လူငယ်ပရိသတ်တွေကြား ရေပန်းစား အောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Sourced From Duwun





ရုပ်ရှင်နယ်ပယ်မှာလည်း အမျိုးသမီးဇာတ်ကောင်တွေ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၇


နှစ် ၆၀ နီးပါးကြာမှ ပြန်လည်ပေါ်ထွက်လာတဲ့ စံချိန်တစ်ခုပါ။ The Wrap ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသမီးဇာတ်ကောင်တွေ ဦးဆောင်တဲ့ ရုပ်ရှင်တွေဟာ ၂၀၁၇ ခုနှစ်မှာ အကျိုးအမြတ်အရဆုံး ရုပ်ရှင်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံတွင်း ရုံတင်ပြသငွေ အများဆုံးဝင်ခဲ့တဲ့ အမျိုးသမီးဦးဆောင်တဲ့ ရုပ်ရှင်ကားတွေဖြစ်လာခဲ့ပါတယ်။ နှစ် ၆၀ နီးပါးကြာမှ ပြန်လည်ပေါ်ထွက်လာတဲ့ စံချိန်တစ်ခုပါ။ အဲ့ဒီဇာတ်ကားတွေကတော့ Star Wars: The Last Jedi ၊ Beauty and the Beast နဲ့ Wonder Woman တို့ ဖြစ်ပါတယ်။ The Last Jedi ဇာတ်ကားမှာဆိုရင် ဒေစီ ရစ်ဒလေက ဦးဆောင်ထားသလို Beauty and the Beast မှာလည်း အမ်မာဝပ်ဆန်ကြောင့်ပဲ ကြည့်ရှုသူ ပိုများခဲ့ရတယ်။ အစ္စရေးမင်းသမီး ဂယ်လ် ဂါဒေါ့တ် ဦးဆောင်ထားတဲ့ Wonder Woman ဇာတ်ကားဟာလည်း ဒီဇာတ်ကား ၃ ခုမှာ အပေါက်ဆုံး ဖြစ်ခဲ့တယ်။ Sourced From Duwun



ရုံတင်ငွေအများဆုံးရနေတဲ့ 'Jumanji: Welcome to the Jungle’ ဇာတ်ကား


ဒီဇင်ဘာ ၂၀ ရက်က ထွက်ရှိလာသည့် တောတွင်းစွန့်စားခန်းများဖြင့် စိတ်ဝင်စားဖွယ် ရိုက်ကူးထားသော ထိုဇာတ်ကားသည် ယခုသီတင်းပတ်တွင် ကန်ဒေါ်လာ ၂၇ သန်းရရှိခဲ့သည်။

Columbia Pictures ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီက ဖြန့်ချိ သော အဆိုပါရုပ်ရှင်တွင် The Rock ဟု လူသိများသော မင်းသား ဒ၀ိန်းဂျွန်ဆင်နှင့် အမေရိကန်ဟာသမင်းသား ကယ်လ်ဗင်ဟတ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ဂျက်ကာဒန်တာဝန်ယူရိုက်ကူးခြင်း ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ရုံ တင်ငွေအများဆုံးရုပ်ရှင်စာရင်း ၏ နံပါတ် (၂) နေရာတွင် တွမ်ဟန့်စ်နှင့် မယ်ရီထစရိပ်တို့ ပါဝင်သရုပ် ဆောင်ထားသော "The Post" ဇာတ်ကားက ကန်ဒေါ်လာ ၁၈ သန်းဖြင့်လည်းကောင်း၊ နံပါတ် (၃) နေရာတွင် "The Commuter" ရုပ်ရှင်ဇာတ်ကားက ကန်ဒေါ်လာ ၁၃ဒသမ၄ သန်းဖြင့်လည်းကောင်း၊နံပါတ် (၄) နေရာတွင် "Insidious: The Last Key" ဇာတ်ကားက ၁၂ ဒသမ၁ သန်းဖြင့်လည်းကောင်း၊ နံပါတ် (၅) နေရာတွင် "The Greatest Showman" က ကန် ဒေါ်လာ ၁၁ဒသမ၈ သန်းဖြင့် လည်းကောင်း အသီးသီးရပ်တည် နေသည်။

Sourced from 7daydaily



 Advertisement Area


imex