Entertainment



နှုတ်ခမ်းနီမလေးတွေအတွက်တော့သတင်းကောင်းတစ်ခုပါပဲREVLON နဲ့ ပူးပေါင်းပြီး


အမျိုးသမီးတွေရဲ့နှလုံးသားကိုသိမ်းပိုက်ဦးမယ့် Gal Gadot
Box Office ရဲ့ထိပ်သီးရုပ်ရှင်လောကကိုလွှမ်းမိုးနိုင်ရုံမကဘဲ အမျိုးသမီးတွေရဲ့အားကျမှုကိုပါရယူနိုင်ခဲ့တဲ့ Wonder Woman မင်းသမီးချော Gal Gadot ကတော့အခုအခါမှာလည်း သူမရဲ့အောင်မြင်မှုတွေကို အလှအပပိုင်းဆိုင်ရာဘက်ကိုခြေဆန့်ဦးမှာပါ။ Gal Gadot ဟာ The Face of LiveBoldly Campaign အဖြစ်နာမည်ကြီး REVLON အလှကုန်ကုမ္ပဏီနဲ့ပူးပေါင်းနေပြီဆိုတာကိုသူမရဲ့ Instagram မှာတစ်ဆင့် Video Clip လေးတစ်ခုလေးနဲ့ကြေညာလိုက်ပါတယ်။  အခုလို Campaign မှာပါဝင်တာက သူမ2015 ခုနှစ်တုန်းက Gucci Bamboo Fragrance Campaign ပြီးနောက် ဒုတိယမြောက် beauty industry နဲ့ပူးပေါင်းမှုတစ်ခုဖြစ်ပါတယ်။ သူမတင်ထားတဲ့ short video clip လေးမှာလည်း အနီရောင် Jumpsuit လေးနဲ့ လိုက်ဖက်အောင် REVLON နှုတ်ခမ်းနီအနီရောင်လေးဆိုးထားပြီး အရမ်းကိုလှပနေပါတယ်။ အခုလို REVLON family နဲ့ပူးပေါင်းပြီး ဖန်တီးခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ်လို့ Gadot ကဆိုပါတယ်။

Sourced from MODA Magazine




The Voice Myanmar ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေတဲ့ နီနီခင်ဇော်


မကြာခင်မှာ ထုတ်လွှင့်ပြသတော့မယ့် The Voice Myanmar အဆိုပြိုင်ပွဲကြီးမှာ Coach တစ်ယောက်အဖြစ်ပါဝင်မယ့် တေးသံရှင် နီနီခင်ဇော်ကတော့ ပြိုင်ပွဲ အတွက် စိတ်လှုပ်ရှားနေပါတယ်။

သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲမှာ နာမည်တစ်ခုရလာတာကြောင့် The Voice Myanmar ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်နေရသလို ခံစားမိတယ်လို့ နီနီခင်ဇော်က ဆိုလာပါတယ်။

The Voice Myanamr ပြိုင်ပွဲဟာ ကမ္ဘာအနှံ့ အကောင်းမွန်ဆုံးသော အသံပိုင်ရှင်တွေထွက်ပေါ်ရာ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice ပြိုင်ပွဲကြီးကို အခြေခံပြီး မြန်မာနိုင်ငံမှာလည်း ပထမဆုံး The Voice Myanmar ပြိုင်ပွဲနာမည်နဲ့ မျိုးဆက်သစ်တေးသံရှင်တွေကို ဖော်ထုတ်တော့မှာပါ။


Coach အဖြစ် တေးသံရှင် ရန်ရန်ချမ်း၊ လင်းလင်း၊ ဟန်ထူးလွင်နဲ့ နီနီခင်ဇော်တို့က ပွဲစဉ်တစ်လျှောက် အကဲဖြတ်ရွေးချယ်မှာဖြစ်ပြီး ပျော်စရာကောင်းမယ့် ပြိုင်ပွဲတစ်ခုလို့ နီနီခင်ဇော်ကပြောပါတယ်။ The Voice Myanmar ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီ ၁၈ရက်နေ့ ညကိုးနာရီ MRTV – 4 ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Sourced from Duwun

24/January/2k18




ငယ်ကျွန်ရုပ်ရှင်အကြိုခံစားခြင်း


ကျော်သာက ဝတီဦးတို့ မိဘတွေက မွေးစားထားတဲ့သူပါ။ ဝတီဦးတို့က ချမ်းသာသလို စကားပြောလည်း မောက်မာပါတယ်။ ဝတီဦးကသူ့ဆီကို ပစ္စည်းတစ်ခုခုလာပေးရင် ဒူးထောက်ပြီးပေးမှ သဘောကျပါတယ်။ အဲဒီ့အထဲမှာ ကျော်သာလည်း ပါဝင်ခဲ့ပါတယ်။ ဝတီဦးတို့မိဘတွေက မွေးစားထားပေမယ့် ကျော်သာက ဝတီဦးအတွက်တော့ ငယ်ကျွန်တစ်ယောက် ပါ။

ဝတီဦးရဲ့ မိဘတွေက ဝတီဦးကို အိမ်ထောင်ချပေးဖို့ စဉ်းစားတဲ့အချိန်မှာ အပြင်လူတွေနဲ့ သဘောမတူဘဲ သူတို့မွေးစားထားတဲ့ ကျော်သာနဲ့ပဲ သဘောတူခဲ့ပါ တယ်။

အဲဒီ့အချိန်မှာကျော်သာက ပါမောက္ခတစ်ဦး ဖြစ်နေပါပြီ။ ဒါ

ပေမဲ့ အဲဒီ့ကိစ္စကို ဝတီဦးသိတဲ့ အချိန်မှာ ပွဲကြမ်းခဲ့ပါတယ်။ အဲဒီ့ကိစ္စကြောင့် ဝတီဦးရဲ့အဖေ နှလုံးရောဂါဖောက်ခဲ့ပြီး မကွယ်လွန်မီမှာ ဝတီဦးကို ကျော်သာနဲ့ လက်ထပ်ဖို့ ကတိတောင်းခဲ့ပါတယ်။ ဝတီဦးလည်း ဖခင်စိတ်ချမ်းသာ အောင် ကတိပေးခဲ့ရပါတယ်။

ကျော်သာနဲ့ ဝတီဦး အိမ်ထောင်ပြုခဲ့ပေမယ့် ကျော်သာဘက်က ဝတီဦးကို အရင်အတိုင်းပဲ ဆက်ဆံရပါတယ်။ ဘာပေးပေး ဒူးထောက်ပြီးမှပေးရတဲ့ အစဉ်အလာကို မဖျက်နိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်က သားလေးတစ်ယောက် ရရှိခဲ့ပါတယ်။ သားလေးရဲ့ နာမည်က မောင်မောင်ပါ။ မောင်မောင်ကလည်း ဒေါ်ဝတီဦးရဲ့ အုပ်ထိန်းမှုအောက်မှာပဲ စည်းတွေဘောင်တွေနဲ့ ကြီးပြင်းလာခဲ့ပါတယ်။

တစ်ရက်မှာတော့  ယိမ်းဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ မောင်မောင် ဆုံတွေ့ခဲ့ရပါတယ်။ ယိမ်းကလူဆင်းရဲပေမယ့် အရမ်းမာနကြီးပါတယ်။  ဆုံခဲ့တာက ယိမ်းအလုပ်လုပ်တဲ့ဆိုင် မှာ မောင်မောင်ရဲ့ သူငယ်ချင်း က ပစ္စည်းတစ်ခုဝယ်ရင်း အဲဒီ့ပစ္စည်း ကျကွဲသွားတာက စခဲ့ တာပါ။ အဲဒါကို မောင်မောင်က အကူအညီပေးခဲ့ပါတယ်။

 အဲဒီကိစ္စကြောင့် မောင်မောင်နဲ့ ယိမ်းတို့ရင်းနှီးမှုရခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ပါတယ်။ အ ဆင့်အတန်းချင်းကွာတဲ့ မောင်မောင့်ကို ယိမ်းက မချစ်သင့်မှန်းသိပေမယ့် သူ့ဘက်က အရမ်းချစ်ခဲ့တာကြောင့် အဖြေပြန်ပေးခဲ့တာ ပါ။ ဒါပေမဲ့ မောင်မောင်နဲ့ ယိမ်းကိစ္စကို ဒေါ်ဝတီဦးသိသွားတဲ့ အချိန်မှာ ပြဿနာတွေ စလာခဲ့ပါ တယ်။

ဒေါ်ဝတီဦးက သူ့သားကိုအကောင်းဆုံးတွေပဲ ဖြစ်စေချင်သလို သူ့သားနဲ့ တူတဲ့တန်တဲ့မိန်းကလေး ဒီလောကမှာ မရှိဘူးလို့ တွေးထားသူပါ။ အဲဒါကြောင့် မောင်မောင့်ကို ယိမ်းနဲ့ သဘောမတူနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ယိမ်းကတော့ မောင်မောင့်ကို သူ့ကိုချစ်ရင် သူ့ဘဝထဲကိုဝင်ခဲ့ဖို့ ပြောပါတယ်။ အဲဒါကြောင့် သူတို့နှစ်ယောက်နှစ်ဦးသဘော တူ လက်ထပ်ဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဒေါ်ဝတီဦးက မောင်မောင်တို့ နှစ်ယောက်ကို အချိုသတ်ပြီး ခေါ်ခဲ့ပါတယ်။ နောက်ပြီးတော့ မောင်မောင့်ကို သူတို့နှစ်ဦးအတွက် စီစဉ်ထားတဲ့ လက်စွပ်သွားယူဖို့ဆိုပြီး ဖယ်ထုတ်ခဲ့ပါတယ်။ မောင်မောင်ထွက်သွားတဲ့အချိန်မှာ   ဒေါ်ဝတီဦးက ယိမ်းကိုသူ့သားနဲ့ သဘောမတူနိုင်တဲ့အကြောင်းနဲ့ မောင်မောင့်အတွက် ယိမ်းရဲ့မျက်နှာကို အဆုံးရှုံးခံနိုင်မလား မေးခဲ့ပါတယ်။ချစ်သူကို အရမ်းချစ်တဲ့ ယိမ်း လည်း သူ့အချစ်ကို သက်သေပြဖို့အတွက် သူ့မျက်နှာကို ပုလင်းကွဲနဲ့ ခြစ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်ဝတီဦးဆီက သူရခဲ့တာကတော့ ရူးနေတယ်ဆိုတဲ့ စကားလုံးပါပဲ။

သားကိုအရမ်းချစ်တဲ့ အမေနဲ့ချစ်သူကိုအရမ်းချစ်တဲ့ ယိမ်းတို့ကြားမှာ မောင်မောင် ဘယ်လို စခန်းဆက်သွားမှာလဲ။ တစ်ခုခုဆို သေးသေးတင်မခံတတ်တဲ့ ယိမ်းကရော ဒေါ်ဝတီဦးကို ဘယ်လို လက်စားချေမလဲဆိုတာတွေကို တော့ ဇန်နဝါရီ ၂၆ ရက်က စတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် အမြို့မြို့အနယ်နယ်က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ့် ငယ်ကျွန်ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ကျော်သာအဖြစ် လူမင်း၊ မောင်မောင်အဖြစ် အောင်ရဲလင်း၊ ဒေါ်ဝတီဦးအဖြစ် စိုးမြတ်သူဇာ၊ ယိမ်းအဖြစ်  ရွှေမှုံရတီတို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။ မြိတ်တင်အောင်ရဲ့ ဝတ္ထုကို အင်းကြင်းဟန် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်ကူးပုံဖော်ထားပါတယ်။

Sourced from 7DayDaily

24/January/2k18

 

 




တစ်ရက်တည်း လက်မှတ်ရောင်းကုန်သွားတဲ့ ကာမီလာကာဘယ်လိုရဲ့ ဂီတဖျော်ဖြေပွဲ


အမေရိကန်အဆို တော် ကာမီလာ ကာဘယ်လို၏ တစ်ကိုယ်တော် ကမ္ဘာလှည့်ဂီတ ခရီးစဉ် ဖျော်ဖြေပွဲလက်မှတ်များ စတင်ရောင်းချသည့် နေ့မှာပင်  ရောင်းကုန်ခဲ့သည်။


အသက် (၂၀) အရွယ် ကာမီလာသည် ၎င်း၏ပထမဆုံး တစ်ကိုယ်တော် ဂီတခရီးစဉ် Never Be The Same Tour ကို ဖျော်ဖြေမည်ဖြစ်ကြောင်း

မကြာ မီက ကြေညာခဲ့သည်။

‘‘ကျွန်မရဲ့ ကမ္ဘာလှည့်ဂီတ ခရီးစဉ်အတွက် ဖျော်ဖြေပွဲလက် မှတ်တွေ ရောင်းကုန်သွားတဲ့အ တွက် ပြောမပြနိုင်လောက်အောင် ပရိသတ်တွေကို

ကျေးဇူးတင်ပါ တယ်’’ ဟု ကာမီလာက ၎င်း၏ တွစ်တာစာမျက်နှာတွင် စနေနေ့၌ ရေးသားဖော်ပြသည်။

၂၀၁၂ တွင် စတင်တည် ထောင်သော Fifth Harmony အဖွဲ့နှင့်အတူ နာမည်ရလာပြီး နောက် ၂၀၁၆ တွင် ထိုအဖွဲ့မှ ထွက်ကာ တစ်ကိုယ်တော် ရပ် တည်နေသော ကာမီလာသည် ဧပြီ၌စတင်မည့် အဆိုပါဂီတ ခရီး စဉ်အတွင်း ကနေဒါ၊ အမေရိ ကန်၊ စကော့တလန်၊ ဗြိတိန်နှင့် နယ်သာလန်တို့တွင် ဖျော်ဖြေမည် ဖြစ်သည်။

Sourced from MODA magazine




‘မုဒြာရဲ့ခေါ်သံ’ဟာ မြန်မာပရိသတ်တွေ ဂုဏ်ယူရမယ့် ဇာတ်ကားလို့ဆိုတဲ့ ဇဏ်ခီ'


‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကား တွင် မြန်မာသရုပ်ဆောင် ဇဏ်ခီ၊ လှယဉ်ကျေး၊ မာရီကိုးရ်နှင့် နန်း ဝေဝေထွန်းတို့က အဓိကပါဝင် သရုပ်ဆောင်ပြီး

ဒါရိုက်တာ Christina Kyi က ပုံဖော်ရိုက်ကူး ထားသည်။

‘‘ကျွန်တော် လေးနှစ် လောက်အသက်ကြီးသွားပြီ။ အနု ပညာပိုင်းက ကျွန်တော်ထင်တာ မုဒြာခေါ်သံကတော်တော်ရှေ့ ရောက်နေသေးတယ်။

ထွက်လာ တဲ့အချိန်မှာ ပရိသတ်တွေတော် တော် လက်ခံလာလိမ့်မယ်။ ကြိုး စားမှု တွေကလည်း ‘ဥပါယ် တံမျဉ်’ လိုပဲ တစ်ဖွဲ့လုံးကြိုးစား ထားကြတယ်။ ‘ဥပါယ်တံမျဉ်’ ထက် ပိုတောင်ရိုက်ကူးရေးရက် တွေ ကြာပါဦးမယ်။ ထွက်လာဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဂုဏ်ယူလို့ ရမယ့် ကားတစ်ကား မြန်မာပြည် လုပ်၊ မြန်မာပြည်ထုတ်၊ မြန်မာ တွေဝိုင်းရိုက်ထားတာ နိုင်ငံတကာ လမ်းပေါ်တွန်းပို့ထားနိုင်တယ်။ တကယ်တမ်းဆို ကျွန်တော်တို့ တန်းကပြီးခဲ့တဲ့ လေးနှစ်လောက် ကတည်းက မြှင့်ပြီးသား ဖြစ်ရ မယ်။ ဒါပေမဲ့ အခုတန်းမြှင့်တဲ့ ကာလ နည်းနည်းနည်းနောက်ကျ သွားတယ်။ အဲဒါတစ်ခုတော့ စိတ်မကောင်းဘူး’’ ဟု ၎င်းကဆို သည်။

‘‘ပထမတော့ တန်းစီနေတာ ပါ။ ‘ဥပါယ်တံမျဉ်’ က ကိုယ်ပိုင် ထုတ်လုပ်ရေးပါ။ ‘မုဒြာရဲ့ခေါ်သံ’ က သူဌေးရှိတယ်။ သူက A Channel ကနေ တင်ရင် သမ္မတို့ ဘာတို့မှာ ပြရတယ်ဆိုတော့ ရုံ တန်းစီနေတဲ့ အချိန်ရောက်ခါနီး မှာ တန်းစီစနစ်ကို ဖြတ်လိုက် တော့ ရုံရှင်၊ ကားရှင်မှာမှ ရုံရှင် ကိုသွားညှိရတော့ ‘ဥပါယ်တံမျဉ်’ ကလည်း စလုပ်နေပြီဆိုတော့ အဲဒါကိုပဲ စလုပ်ချင်တယ်ဆိုပြီး သွားညှိတော့ သူဌေးကလည်း အ ဆင်ပြေတယ်။ အခုမုဒြာကတော့ ဘယ်လိုဖြစ်မလဲ မသိသေးဘူး။ Junction နဲ့ Mega ကတော့ စိတ် ဝင်စားတယ်ဆိုပြီး ကမ်းလှမ်းထား ပါတယ်။ ဒါပေမဲ့ မင်္ဂလာဘက်က ဘယ်လိုအခြေအနေရှိလဲတော့ မ ပြောတတ်ပါဘူး’’ ဟု ပုံဖော်ရိုက် ကူးသည့် ဒါရိုက်တာ Christina Kyi ကပြောသည်။

အဆိုပါဇာတ်ကားသည် အမေရိကန်နိုင်ငံသို့ အသက်၂ နှစ်အရွယ်ကတည်းက မွေးစားမိဘများနှင့်  လိုက်ပါသွားရသည့် ကလေးငယ်တစ်ဦး အရွယ်ရောက်လာချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာကာ မိဘအရင်းများကို ပြန်လည်ရှာ ဖွေချိန်၌ ခရီးသွားလုပ် ငန်းတည်ထောင်သူ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း မြန်မာအမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ပုံကို    ဇာတ်လမ်းဖွဲ့   ရိုက်ကူးထား သည်။

‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ကား တွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအ လှအပများ၊ ဒေသရှုခင်းများ၊ ဓလေ့ထုံးစံများ    ထည့်သွင်းဖန် တီး ရိုက်ကူးထားပြီး အင်္ဂလိပ် စကားပြော မြန်မာဇာတ်ကားဖြစ် ကာ နိုင်ငံတကာရုပ်ရှင်ပွဲတော် အချို့မှ ဆုများရရှိထားသည်။

Sourced from Duwun


 Advertisement Area


imex