Mingalar Bus
Hot News


ရန်ကုန်မြို့၏ အထင်ကရနေရာများကို အမိုးဖွင့်ဘတ်စ်ကားဖြင့် စတင်လည်ပတ်နိုင်ပြီ


ရန်ကုန်မြို့၏ အထင်ကရနေရာများကို အမိုးဖွင့်ဘတ်စ်ကားဖြင့် စတင်လည်ပတ်နိုင်ပြီဖြစ်ကြောင်း Minglar Bus မှ သိရသည်။

အမိုးဖွင့်ဘတ်စ်ကားကို မနက် ၇ နာရီခွဲ တစ်ချိန်နှင့် ညနေပိုင်း ငါးနာရီခွဲတစ်ချိန်ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မနက်ပိုင်းခရီးစဉ်တွင် မြို့တော်ခန်းမရှေ့ ဆူးလေဘုရားအနီးမှ စတင်ထွက်ခွာကာ ကိုလိုနီအဆောက်အဦများကို သွားရောက်ကြည့်ရှု့မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ကမ်းနားလမ်းတစ်လျှောက် ဆက်လက်သွားရောက်မည်ကာ ဖြစ်ကာ ကြည့်မြင်တိုင်လမ်းတစ်လျှောက်တွင်ရှိသည့် ပန်းတဉ်းလုပ်ငန်းကို လေ့လာခွင့်ရမည်ဖြစ်သည်။

ယင်းနောက် စမ်းချောင်းဘက်သို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး စမ်းချောင်း စစ်သချိုင်း၊ ဘာဝနာတရားစခန်းနှင့် ဒေါ်ညာဏစာရီမယ်သီလရှင်ကျောင်းသို့ ဝင်ရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။

ယင်းနောက် နောက်ဆုံးတွင် ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်မည်ဖြစ်ကြောင်း သိရသည်။

ညနေ ငါးနာရီ ခွဲ ခရီးစဉ်တွင် မြို့တော်ခန်းမအရှေ့ ဆူးလေဘုရားအနီးမှ စတင်ထွက်ခွာကာ ဆူးလေဘုရားအနီးမှ ပထမဦးစွာ ဗိုလ်တထောင်ဘုရားသို့ သွားရောက်ဖူးမြော်မည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ကန်တော်ကြီးသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပြီး နောက်ဆုံးတွင် ကမ်းနားလမ်းညဈေးတန်း၌ ခရီးစဉ်ပြီးဆုံးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကားကို သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် စင်းလုံးငှားစီးလို့ရပါတယ်။ ဒါကတော့ ကျွန်မတို့ သတ်မှတ်ထားတဲ့ ခရီးစဉ်လမ်းကြောင်းတိုင်းမဟုတ်ပဲ ကိုယ်ကြိုက်တဲ့နေရာကို သွားလို့ရပါတယ်။ စီးမယ်ဆိုရင် မတ်လ ၁၉ ရက်ကစပြီး စီးနင်းလို့ရပါတယ်။ စင်းလုံးငှားဈေးနှုန်းကတော့ သေချာ မသတ်မှတ်ရသေးပါဘူး”ဟု Minglar Bus မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမိုးဖွင့်ဘတ်စ်ကားတွင် လူဦးရေ ၂၅ ယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး ပြည်တွင်းခရီးသွား လူကြီးတစ်ဦးလျှင် မြန်မာငွေကျပ် တစ်သောင်းဖြစ်ပြီး ကလေးတစ်ဦးလျှင် ရှစ်ထောင်ကျပ်ဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်မှာ မနက်ပိုင်းခရီးစဉ်တွင် လူကြီး ၁၅ ဒေါ်လာနှင့် ကလေး ၁၀ ဒေါ်လာ ဖြစ်ပြီး ညနေပိုင်းခရီးစဉ်တွင် လူကြီး ၂၃ ဒေါ်လာနှင့် ကလေး ၁၈ ဒေါ်လာ ရှိကြောင်း သိရသည်။


Source : Yangon Bus Service