အဝေးပြေးကားလက်မှတ်တွေ တရားမဝင်ရောင်းတာနဲ့ ကြားကားမဆွဲအောင် ကြပ်မတ်နေ
Recent News


သင်္ကြန်ကာလအတွင်းမှာ မဖြစ်ပွားအောင် အခုလိုစီစဉ်နေတာပါ။
လာမယ့် သင်္ကြန်ရုံးပိတ်ရက်မှာ တရားမဝင်အဝေးပြေးကားလက်မှတ်ရောင်းချတာတွေနဲ့ ကြားကားတွေ ဝင်ရောက်ပြေးဆွဲတာတွေမလုပ်အောင် စစ်ဆေးကြပ်မတ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်မှာ ခရီးသွားတွေကို ဂိတ်အပိုင်မရှိသူတချို့က အဝေးပြေးကားလက်မှတ် အရောင်းကောင်တာတွေ ဖွင့်လှစ်ရောင်းချပြီး နောက်ငွေလိမ်လည်မှုတွေရှိခဲ့လို့ ဒီနှစ်မှာတော့ အဲဒီလိုပြဿနာတွေမဖြစ်အောင် စစ်ဆေးရေးအဖွဲ့တွေနဲ့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးတာဝန်ခံ ဦးဘမြင့်က ပြောပါတယ်။
အဝေးပြေးဝင်းထဲကို တရားမဝင် ကြားကားတွေဝင်ရောက်ပြေးဆွဲတာတွေ မပြုလုပ်နိုင်ဖို့ ကြပ်မတ်နေပြီး စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တွေက မတ်လဆန်းကတည်းကစပြီး ကားနဲ့လှည့်လည်စစ်ဆေးနေတယ်လို့ သိရပါတယ်။

"တင်္နသာရီဘက်ကိုသွားမယ့်၊ ကားလက်မှတ်က ၀ယ်ဖို့အရမ်းခက်သွားပြီး၊ သင်္ကြန်တွင်းမှာမပြေးဘူးလို့ ပြောထားတော့ဈေးတွေက သင်္ကြန်နားနီးရင် နှစ်ဆလောက်တက်သွားလိမ့်မယ်"လို့ သင်္ကြန်ကာလမှာ မြိတ်မြို့ကို ပြန်ဖို့စီစဉ်နေတဲ့ ကိုမင်းမင်းက ပြောပါတယ်။

အဝေးပြေးခရီးစဉ်တွေကို အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးဝင်းတွေမှာရှိတဲ့ ယာဉ်လိုင်း ၃၈၀ ခန့်လောက်က ယာဉ်စီးရေ ၄,၁၀၀ ကျော်နဲ့ ပုံမှန်ပြေးဆွဲနေပြီး သင်္ကြန်ပိတ်ရက်မှာ ယာဉ်စီးရေ ၁,၀၀၀ ခန့် တိုးမြှင့်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
Sourced from Duwun
4/April/2k18