အောက်စီဂျင်ပေးလွန်းတော့ အန္တရာယ်
Hot News


လူနာ မောတယ်ဆိုရင် အောက်စီဂျင် ပိုက်တပ်လေ့ရှိတာ မြင်ဖူးကြမှာပါ။ လူနာ ရဲ့ လက်ညှိုးထိပ်မှာ ပလတ်စတစ် အစွပ် ကလေးတစ်ခု စွပ်လိုက်ပြီး လူနာ့သွေးထဲက အောက်စီဂျင်ပမာဏကို အရင်တိုင်း လေ့ရှိတယ်။ အောက်စီဂျင်ပမာဏ နည်းတာနဲ့ အောက်စီဂျင်ပေးရတာပါ။ သို့သော် အောက်စီဂျင်တွေ အပေးများလွန်းလို့ လွန်ရင်တော့ လူနာ့အတွက် ဆေးကြောင့် လေးကာ အန္တရာယ်ဖြစ်တတ်တယ်ဆိုတာ တော့ သိထားရလိမ့်မယ်။ 

          အမှန်အားဖြင့် အောက်စီဂျင်ဟာ လေထဲမှာအများကြီးပါ။ သင်အသက် ရှူ သွင်းလိုက်တိုင်း အဲဒီလေထဲမှာ အောက်ဆီ ဂျင်တွေ ပါလာပါတယ်။ ဆံခြည်မျှင်သွေး ကြောမျှင်များမှတစ်ဆင့် အဆုတ်လေ အိတ်တွေထဲကို ဝင်ရောက်လာတဲ့ သွေးတွေ ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ပါလာ တယ်။ ပြီးတော့ အောက်ဆီဂျင်နဲ့ ကာဗွန် ဒိုင်အောက်ဆိုက်ကို လဲလှယ်ပေးလိုက် တာပါ။ ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့လေ ကိုတော့ ပြန်ရှူထုတ်ပစ်တဲ့လေနဲ့ အပြင် ထုတ်ပစ်တာပေါ့။ ဒါက ပုံမှန်ကျန်းမာတဲ့ လူတွေ နေ့စဉ်သမားရိုးကျ အဖြစ်အပျက် လေးပါ။ ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့နေမိလို့ ကိုယ့်ကိုယ်ကို လေကို ရှူသွင်းရှူ ထုတ် မှန်မှန်လုပ်နေမှန်းကို သတိမထားမိကြ တာပါ။ တရားထိုင်တဲ့အခါမှာတော့ နှာသီး ဖျားလေးတွေမှာ လေဝင်လာတော့ တိုး သွားတာ၊ လေအပြင် တိုးဝှေ့ထွက်သွားတာ ကို အားစိုက်ကြည့်ရတော့ သိလာပြီ။ ဒါ တောင် တစ်နေ့တာပတ်လုံး သတိလေး ထားမှ သင်သိလာ၊ သဘောပေါက်လာမှာ ပါ။

          ယခုဖော်ပြမယ့် ဆောင်းပါးမှာတော့ ဆေးရုံဆေးခန်းကြီးတွေမှာ လူနာလိုအပ်ပါ က ထောက်ပံ့ပေးရတဲ့ အောက်စီဂျင်ပါ။ ကျန်းမာနေတဲ့ လူတစ်ဦးမှာ သွေးထဲက အောက်စီဂျင်ပမာဏဟာရာနှုန်းပြည့် မဟုတ်တောင် ၉၀ ရာခိုင်နှုန်းနှင့် အထက်မှာ ရှိရပါတယ်။ အဲဒီထက် နည်းပါးကျ ဆင်းလာပါကှSupplement Oxygen  ခေါ် အောက်စီဂျင်ဘူးတွေထဲက အောက်စီဂျင်ဓာတ်ကို လူနာအား နှာခေါင်းဝမှာ ပိုက်ကလေးနဲ့ ထည့်ပေးတာ ကြုံဖူးရင် သိကြပါလိမ့်မယ်။

အထူးသဖြင့် ဘယ်လိုလူနာတွေမှာ အပေးများလဲဆိုရင် အသက်ရှူမဝ လေငတ်တဲ့ အခြေအနေရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ စွမ်းရည်ကျ လူနာတွေမှာ အသက်ကယ်ရန်အလို့ငှာ ဖြည့်စွက် အောက်စီဂျင်ကိုပေးတာဖြစ်တယ်။ သို့ရာတွင် ပေါ်ထွက်လာတဲ့ သက်သေပြမှုအရ အောက်စီဂျင်ဓာတ်တွေ အပေးများလွန်းရင် ဘေးအန္တရာယ်ဖြစ်လာစေကြောင်း  ဆေး ပညာရှင်ကြီးများက သတိပေးလာပါပြီ။

          နှလုံးခုန်မှုမမှန်ခြင်း အလွန်အမင်း ဖြစ်လာတဲ့ လူနာများ၊ အဆုတ်ထိခိုက်ဒဏ် ရာရတဲ့လူနာများနှင့် အောက်စီဂျင်ပေးထားလို့ အောက်စီဂျင် သို့မဟုတ် လေငတ်တဲ့ လက္ခဏာမရှိဘဲ အရေးပေါ်ဆေးရုံတက်လာရတဲ့ လူနာများအား စောင့်ကြည့် လေ့လာသုတေသနပြုခဲ့ရာမှ တွေ့ရှိလာခြင်း ဖြစ်ပါတယ်။

          သုတေသနပြုတဲ့ ဆေးပညာရှင်များဟာ ရောဂါပြင်းထန်လို့ ဘေးအန္တရာယ်ရှိတဲ့ လူနာပေါင်း ၁၆၀ဝ၀ ဦးအား ၂၅ ကြိမ်ခန့် စမ်းသပ်စစ်ဆေးလေ့လာခဲ့ရာမှ အောက်စီဂျင်အလွန်အမင်းပေးခြင်း ခံရပါက ဘေးအန္တရာယ်ဖြစ်စေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်တယ်။ ဒီတွေ့ရှိချက်ပေါ်မူတည်ပြီး ဆေးပညာရှင်တွေအနေဖြင့် လူနာ့အတွက် မလိုအပ်တော့ရင် (အောက်စီဂျင်ပမာဏ သွေးထဲရှိသင့်တဲ့ ပမာဏရောက်နေပါက) အောက်စီဂျင် ဓာတ်မပေးဘဲ ရပ်သင့်သလားဆိုတာ တွေးသင့်ပါပြီလို့ဆိုပါတယ်။ တန်ဆေးလွန်ဘေး မို့ သတိထားသင့်ကြောင်း ပြောဆိုလာတာ သိရပါတယ်။ လူနာမှာ သွေးထဲရှိ အောက် ဆီဂျင်ပမာဏက ရှိသင့်တဲ့ ပမာဏ ရှိနေပါလျက် အရင်က  အောက်စီဂျင်သုံးဖူးတော့ အောက်စီဂျင်ပေးဖို့ သူ့စိတ်အခြေအနေ အရ တောင်းဆိုတာမျိုးရှိတတ်သလို၊ ဆေးရုံဆေးခန်းများအနေဖြင့်လည်း  လိုလို၊ မလို လို လူနာရောက်လာလို့ မောနေတာတွေ့တာနဲ့ အောက်စီဂျင် ရက်ရက်ရောရော ပေးတာတွေလည်းရှိနေလို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

          သေဆုံးနှုန်းနဲ့ လက်ဖျားထိပ်က အောက်စီဂျင်ပမာဏတို့ကြား ဆက်သွယ် မှုအား သက်သေမပြနိုင်သော်လည်း ထိုကဲ့သို့ အောက်စီဂျင်ကို ရက်ရက်ရောရော ရရှိတဲ့ လူနာများတွင် တစ်လအတွင်း သေဆုံးနိုင်ခြေမြင့်မားလို့ဖြစ်တယ်။  

အောက်စီဂျင်ပမာဏ သိပ်များလွန်းခြင်းကြောင့် မသန်မစွမ်းဖြစ်ခြင်း၊ ဆေးရုံ တက်ရတဲ့ရက် ကြာလာခြင်း၊ ဆေးရုံမှာ ကြာကြာတက်ရလို့ နမိုးနီးယား အပါအဝင် တစ်ဦးမှတစ်ဦး ကူးစက်ပိုး ဝင်ရောက်ခံရခြင်းစတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေ မြင့်မားလာနိုင်စရာရှိတယ်လို့ ဆိုပါတယ်။

          ဒါကြောင့် အောက်စီဂျင်ရှူတိုင်း ကောင်းလား၊ ဆိုးလား သတိထားသင့်ကြောင်း ဆေးပညာရှင်များရော၊ လူနာများပါ စဉ်းစားစရာအချက်တစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။