ကားစီးရန်ဆောင်ရွက်နေသည့် အစိုးရအဖွဲ့မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်း တုံ့ပြန်
Recent News


လျာထားငွေတင်ပြအဆင့်တွင်ပင် ဝေဖန်ခံနေရသည့် ရန်ကုန်တိုင်းအစိုးရက ကားဝယ်မည့်ကိစ္စကို ဝန်ကြီးချုပ်က မီဒီယာအချို့အား ဇွန်လ ၁၀ရက်၌ ရှင်းပြခဲ့ခြင်းဖြစ်သည်။

‘‘ကားစီးဖို့ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အစိုးရအဖွဲ့ဝန်ကြီးများသုံးရန် ကားဝယ်ယူမည့်ကိစ္စသည် အဆောင်အယောင်ဥပဒေနှင့် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ရေးထိုးအတည်ပြုခဲ့သည့်အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ဝန်ကြီးချုပ်၏ အဆောင်အယောင်တွင် ကားလေးစီး၊ ယာဉ်မောင်းလေးဦးနှင့် စက်သုံးဆီပါ ပါဝင်သည်။ တိုင်းဝန်ကြီး၏အဆောင်အယောင်တွင် ကားနှစ်စီး၊ယာဉ်မောင်းနှစ်ဦးနှင့် စက်သုံးဆီပါ ပါဝင်သည်။

‘‘အဆောင်အယောင်ဥပဒေ အရ သတ်မှတ်ထားတဲ့ ဥပဒေကို တော့ ဝန်ကြီးတွေလိုက်နာရပါ မယ်။ ကျွန်တော်တို့ဘက်က လည်း လိုက်နာနိုင်အောင် သူတို့ ကို သတ်မှတ်ထားတဲ့ အခွင့်အ ရေးတွေကို ပေးရပါမယ်။ ဒါမှ သာလျှင် ဥပဒေအတိုင်း ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဥပဒေ မှာ မပါတာကိုလည်း မလုပ်ဖို့လို သလို ဥပဒေမှာပါဝင်တာကို လည်း လုပ်ကိုလုပ်ရမှာ ဖြစ်ပါ တယ်။ ဒါဟာ ကျွန်တော်တို့ဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားတဲ့ အစိုး ရတစ်ရပ်အနေနဲ့ ဒီအတိုင်းပဲ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါ တယ်’’ဟု ဝန်ကြီးချုပ်က ပြော သည်။

အဆောင်အယောင်အရ တိုင်းဒေသကြီးဘတ်ဂျက်မှ ဝယ် ရမည်မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ချပေး ရမည်ဖြစ်ရာ ဆွေးနွေးနေကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ပြည် ထောင်စုအဆင့်ကသာ ဆောင် ရွက်ပေးနိုင်လျှင် ကားများ ဝယ် ရန်မလိုတော့ဘဲ အဆိုပါငွေများ ကို တိုင်းအတွင်း လိုအပ်သည့် အခြားနေရာများနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုသုံးစွဲနိုင်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆောင်အယောင်ကား များဖြစ်သဖြင့် ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာန (CESID) က ကားထုတ်ပေး ပါက ကားဝယ်စရာမလိုတော့ ကြောင်း ဦးဖြိုးမင်းသိန်းက ဆက် လက်ပြောသည်။

ယခင်အစိုးရငါးနှစ်သက် တမ်း၌ သုံးစွဲခဲ့သည့် ကားများကို သာ လက်ရှိဝန်ကြီးများအား ပေး ထားပြီး ကားများအားလုံးသည် စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ထားသည့် ကားများဖြစ်ကာ ‘ချုံးချုံးကျ’နေပြီဖြစ်ကြောင်း ဝန်ကြီး ချုပ်က ပြောသည်။

ထို့ကြောင့်  ဝန်ကြီးများက ကိုယ်ပိုင်ကားများကို သုံးစွဲပြီး ရုံး တက်ရကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့က ကိုယ်ပိုင် ကားတွေမဟုတ်ဘဲ အဆောင်အ ယောင်ဥပဒေအရ ပေးကိုပေးရ မယ့် ကားတွေရှိပါတယ်။ အဲဒီ ပေးတဲ့ နေရာမှာလည်း အိမ်သုံးဖို့ တစ်စီးပေးသလို ရုံးစီးဖို့ တစ်စီး ပေးပါတယ်။ ရုံးစီးဖို့ကားက လည်း ဆလွန်းကားမျိုး ကျွန်တော် တို့မပေးပါဘူး။ Wagon လိုကား မျိုးပဲ ကျွန်တော်တို့ ပေးပါတယ်။ ဒါဘာကြောင့်လဲဆိုရင် နယ်မြို့ တွေကို သွားလာပြီးတော့ စစ် ဆေးရေးတွေကို လုပ်မယ်ဆိုရင် ဆလွန်းကားတွေက အဆင်မပြေ ပါဘူး။ Wagon ကလည်း ဇိမ်ခံ ကားမဟုတ်ပါဘူး’’ဟု ဦးဖြိုးမင်း သိန်းက ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှုပြဿနာများရှိပြီး ယာဉ်ထိန်းရဲများ၊ ရဲတပ်ဖွဲ့များက အစိုးရ၏ တရားဝင်ကားများကို သာ အသိအမှတ်ပြုထားခြင်းဖြစ် ကြောင်း၊ သို့ဖြစ်ရာ လုံခြုံရေး ကိစ္စရပ်များ ကျင့်သုံးမည်ဆိုပါက ကိုယ်ပိုင်ကားများကို စီးနင်းနေ ခြင်းသည် မသင့်လျော်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘ဒီနေရာမှာ တိုင်းဒေသကြီး ရဲ့ မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ချမှတ်ထားတဲ့ မူဝါဒတွေအရ ကျွန်တော်တို့က မြန်မာ ပြည်မှာလာပြီး (Assembly) လုပ် မယ့်ကားတွေကို ဦးစားပေးပြီး ဝယ်ချင်ပါတယ်။ ဒါမှသာလျှင် ပြည်တွင်းထုတ်လုပ်တဲ့ လုပ်ငန်း တွေကို အားပေးရာရောက်မှာ ဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Toyota ကားထဲကလည်း ကောင်း၊ Nissan ထဲကလည်း ကောင်း၊ Ford ထဲကလည်း ကောင်း ဒီလိုဝယ်ယူဖို့အတွက် လျာထားငွေသတ်မှတ်ခြင်းပဲဖြစ် ပါတယ်’’ဟု Ford ကားအမှတ် တံဆိပ်ရွေးချယ်ရခြင်းအကြောင်း ကို ၎င်းက ရှင်းပြသည်။

ကားဝယ်ရန်မှာ လျာထား ငွေဖြစ်၍ ပိုနိုင်ကြောင်း၊ ပိုပါက ပွင့်လင်းမြင်သာအောင် ဆောင် ရွက်ပြီး ဝယ်ယူပြီးပါက ပိုငွေကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။ ပွဲဆူနေသော ကားဝယ်ယူရေး သည် တိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် လျာထားတင်ပြတောင်းခံ ထားခြင်းအဆင့်သာရှိသေးရာ ဥပဒေအရ လုပ်ထုံးလုပ်နည်းအ ဆင့်ဆင့် ကျော်ဖြတ်ရဦးမည်ဖြစ် သည်။

အဆိုပါ ဥပဒေကြမ်းကို တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေး နွေးပြီး အကြံပြုချက်များကို ဝန် ကြီးချုပ်ထံ ပေးပို့ရမည်ဖြစ်သည်။ ဝန်ကြီးချုပ်ထံမှတစ်ဆင့် သမ္မတ ဦးဆောင်သော ဘဏ္ဍာရေးကော် မရှင်သို့ တင်ပြရမည်ဖြစ်သည်။ ဘဏ္ဍာရေးကော်မရှင် အတည် ပြုချက်ရရှိပြီဆိုပါက ပြည်ထောင် စုအစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၁၀၀)အရ ပြည် ထောင်စုလွှတ်တော်ကို တင်ပြရ မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးပါက တိုင်းဒေသကြီး၌ ပြန်လည်ဆွေး နွေးရန် တိုင်းဒေသကြီးအစိုးရက လွှတ်တော်သို့ တင်ပြရမည်ဖြစ် သည်။ ယင်းအချိန်တွင်မှ တိုင်း ဒေသကြီးလွှတ်တော်၌ အတည်ပြု ချက်ရယူရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် ငြင်းပယ်ခြင်း၊ ခွင့်ပြုခြင်း၊ လျှော့ချခွင့်ပြုခြင်းများကို အများဆန္ဒနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်သည်။

‘‘ကျွန်တော်တို့က နိုင်ငံရေး တာဝန်တွေကို လာပြီးထမ်း ဆောင်နေတာ ဖြစ်ပါတယ်။ အ ခွင့်အရေးလာယူနေတာမဟုတ် ပါဘူး။ ကျွန်တော်တို့ရဲ့ ဖြတ်သန်း ခဲ့မှုတွေမှာ ကြမ်းတမ်းမှုတွေ များ စွာရှိပါတယ်။ ဒီအတွက် ဒီတာဝန် တွေကို ယူနေကြတယ်။ ဝန်ကြီး တွေကို တာဝန်ပေးတယ်ဆိုတာ ဒီတာဝန်တွေနဲ့အတူ အခွင့်အရေး ယူပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေ တွေကို အလွဲပြုလို့မရနိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။

ယခင်အစိုးရအဖွဲ့ထံမှ လွှဲ ပြောင်းရယူထားသည့် ကား ၁၂ စီးအနက် သုံးစီးသာ လတ်တလောအသုံးပြုပြီး ကျန်ကားများ အသုံးပြု၍မရကြောင်း ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်း က ပြောသည်။

ထို့ကြောင့် ဝန်ကြီးများစီးရန် နှင့် နိုင်ငံတကာခေါင်းဆောင် ဧည့်သည်များ လာရောက်ပါက လုံခြုံစွာစီးနင်းရန် Ford နှင့် Toyota အမျိုးအစားတစ်မျိုးမျိုးကို တစ်စီးလျှင် ကျပ်သိန်း ၈၅၀ နှင့် ၁၀ စီးဝယ်ယူရန် စီစဉ်ရခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

သို့သော် ကား ၁၀ စီးဝယ် ယူရန်နှင့် မြို့တော်ဘဏ်တွင် တိုင်းဒေသကြီးအစိုးရက ကျပ် ၆ ဒသမ ၈ ဘီလီယံထည့်ဝင်မည့် အစီအစဉ်နှင့်ပတ်သက်၍ လွှတ် တော်၌ အချေအတင်ဖြစ်ကာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်း (လျာထား ချက်)ကို အတည်မပြုနိုင်သေး ပေ။

Ford ကား ၁၀ စီးဝယ်ယူရန် ကိစ္စကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ နှင့် ကာတွန်းဆရာများက လှောင်ပြောင်ခဲ့ပြီး ဝေဖန်ထောက်ပြမှုများ ဖြင့် ပွဲဆူခဲ့သည်။
Sourced from 7DayDaily
11/June/2k18