FDA ထောက်ခံချက်အလွဲသုံးကြော်ငြာက အရေးယူမည်
Recent News


ဓာတ်စာနှင့် ဖြည့်စွက်အစာများ တင်သွင်းခွင့်ရရန် ထုတ်ပေးသည့်ထောက်ခံချက်ကို အလွဲသုံးစားဖော်ပြကြော်ငြာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မဖြင့် အရေးယူမည်ဟု ဒေါက်တာမင်းဝန်က ပြောသည်။
 
‘‘FDA က ထုတ်ပေးတဲ့ သွင်းကုန်လိုင်စင်ထောက်ခံချက်နဲ့ ကျန်းမာရေးထောက်ခံချက်တွေကို FDA မှာ မှတ်ပုံတင်ထားတယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်အောင် မကြော်ငြာပါနဲ့လို့ သတိပေးထားတာပါ’’ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝန်က ပြောသည်။
 
ဓာတ်စာနှင့် ဖြည့်စွက်စာများသည် ကျန်းမာရေးအထောက်အကူပြု အစားအသောက်များ သာဖြစ်သဖြင့် ဈေးကွက်အတွင်း ရောင်းချရာ၌ ရောဂါအခြေအနေ များကို ကုသ၊ ပျောက်ကင်း၊ သက်သာစေနိုင်သည်ဟု ကြော်ငြာ ရောင်းချခြင်းမျိုး မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနက သြဂုတ် ၁၀ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာထားသည်။
 
ဆက်လက်၍ ‘‘အရေးယူမှာ တော့ အမျိုးသားအစားအသောက် ဥပဒေပေါ့နော်။ ပုဒ်မဘယ်လောက် ဆိုတာတော့ ပြန်ကြည့်မှပဲရမယ်’’ ဟု ဒေါက်တာမင်းဝန်က ပြော သည်။
 
အမျိုးသားအစားအ သောက် ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ အစားအသောက်များ တင်သွင်း ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ ပြည်ပတင်ပို့ခြင်း မပြုလုပ်ရန် တားမြစ်ထားပြီး ဖောက်ဖျက်ပါက ထောင်ဒဏ်သုံး နှစ်နှင့် ငွေဒဏ်ကျပ်တစ်သိန်းမှ သုံးသိန်းအထိ ဒဏ်ရိုက်နိုင်သည် ဟု ဖော်ပြထားသည်။
 
FDA ဌာန၏ထောက်ခံချက် သည် ဓာတ်စာနှင့် ဖြည့်စွက်အစာ များကို ပြည်တွင်း၌ တရားဝင်ဖြန့် ဖြူးရောင်းချနိုင်ရန် သွင်းကုန်လိုင် စင်ထောက်ခံချက်နှင့် ကျန်းမာ ရေးထောက်ခံချက်ထုတ်ပေးခြင်း သက်သက်သာ ဖြစ်ကြောင်း ဒေါက်တာမင်းဝန်က ပြောသည်။
 
ထို့ကြောင့် ယင်းဓာတ်စာနှင့် ဖြည့်စွက်အစာများကို စားသုံးခြင်း ဖြင့် ကျန်းမာရေးကောင်းကျိုးများ ရရှိနိုင်တယ်ဟု FDA ဌာနက အာမ ခံထောက်ခံပေးထားခြင်းမျိုး မ ဟုတ်ကြောင်း ဒေါက်တာမင်းဝန် က ပြောသည်။
 
‘‘စားသုံးသူတွေအနေနဲ့ ဒီ ဟာတွေရောင်းတဲ့သူတွေက FDA ထောက်ခံချက်ရထားလို့ ကျန်းမာ ရေးအတွက် ဘယ်လိုသင့်တော်ပါ တယ်လို့ ပြောလာလို့ရှိရင် ဒါတွေ ဟာမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိလာပြီး အလိမ်မခံရတော့ ဘူးပေါ့ဗျာ’’ဟု ၎င်းက ပြောသည်။ လက်ရှိ ပြည်တွင်း၌ MLM ကုမ္ပဏီအချို့သည် ၎င်းတို့၏ကုန် ပစ္စည်းနှင့် ဓာတ်စာများကို ရောင်း ချရာ၌ ကင်ဆာနှင့် အခြားရောဂါ များပျောက်ကင်းစေသည့် ဆေးအဖြစ် ပြောဆိုရောင်းချမှုရှိကြောင်း ဆင့်ပွားစီးပွားရေးစနစ် ဆန့်ကျင် ရေး(Anti MLM)အသိပညာပေး ရေးသားသူ ဦးရဲမျိုးသန့်က ပြော သည်။
 
‘‘ဖြည့်စွက်အစာတွေက ဘယ်ရောဂါကိုမှ သက်သာစေ တယ်၊ ပျောက်ကင်းစေတယ်၊ ကု သနိုင်တယ်ဆိုတဲ့ အသုံးအနှုန်းသုံး ခွင့်မရှိဘူးဆိုတဲ့ဟာက MLM ဆင့် ပွားစီးပွားရေးစနစ်လုပ်ငန်းတွေ ရဲ့ဈေးကွက်ထိုးဖောက်နေမှုကို ကြီးကြီးမားမားသက်ရောက်မှုရှိ တယ်။ သူတို့က ဒီရောဂါတွေကို ပျောက်တယ်၊ သက်သာတယ်လို့ ပြောရောင်းနေတာရှိတယ်’’ ဟု Anti MLM အဖွဲ့ဝင် ဦးဇင်ဇေလွင် က ပြောသည်။
 
FDA က ယခုလို စည်းကမ်း သတ်မှတ်သည့်အပေါ် လိုက်နာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းစည်းကမ်းသည်လည်း ဖြည့်စွက်အစာ များ၊ ဓာတ်စာများကို ရောင်းချခွင့် ပိတ်ပင်ခြင်းမျိုးဖြစ်ကြောင်း MLM ကုမ္ပဏီ Successmore  ဒါရိုက် တာ ဒေါ်နန်းခမ်းဝါက ပြောသည်။
 
လက်ရှိ ၂၀၁၈ တွင် FDA ဌာန၏ထောက်ခံချက်မရှိဘဲ တရားမဝင် အစားအသောက်များ တင်သွင်းခြင်း၊ ထုတ်လုပ်ဖြန့်ဖြူး ခြင်းကြောင့် MLM ကုမ္ပဏီ ၁၅ ခု ခန့်ကို FDA က အမျိုးသားအစား အသောက်ဥပဒေပုဒ်မ- ၃၁ ဖြင့် အမှုဖွင့်ထားကြောင်း ဒေါက်တာ မင်းဝန်က ပြောသည်။

Sourced From 7DayDaily
13/Aug/2k18