SMEs လုပ်ငန်းရှင်များသို့ သတင်းထုတ်ပြန်ချက်
Hot News


မြန်မာ့စီးပွားရေးဘဏ်သည် SMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူ၍ SME နှစ်ဆင့် ချေးငွေစီမံကိန်း အဆင့်-၁ (Phase-1)နှင့် အဆင့်-၂ (Phase-2) တို့တွင် စီမံကိန်းစီမံခန့်ခွဲသူ (Executing Agency) အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးဝင်သော SMEs လုပ်ငန်းများ

၂၀၁၅ ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ-၂ (က)၊ (ခ) တွင် ပါရှိသည့ှ်SME သတ်မှတ်ချက်နှင့် ညီညွတ်သည့် အောက်ဖော်ပြပါ SME လုပ်ငန်းများ ချေးငွေရယူနိုင်ပါသည် -

  • (က) ကုန်ထုတ်လုပ်မှုလုပ်ငန်း
  • (ခ ) လုပ်သားအခြေပြုလုပ်ငန်း
  • (ဂ ) လက်လီရောင်းဝယ်ရေးလုပ်ငန်း
  • (ဃ) လက်ကားရောင်းဝယ်ရေးလုပ်ငန်း
  • (င ) ဝန်ဆောင်မှုလုပ်ငန်း
  • (စ ) အခြား

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးမဝင်သော လုပ်ငန်းများ

(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ

  • (ခ) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ
  • (ဂ) ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း
  • (ဃ) အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ
  • (င) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်း
  • (စ) ဖြေဖျော်မှု၊ တင်ဆက်မှု (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်း
  • (ဆ) လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း

စသည့် လုပ်ငန်းများအား ငွေထုတ်မချေးပါ။

JICA SME နှစ်စဉ်ချေးငွေစီမံကိန်း ချေးငွေထုတ်ချေးခြင်းအတွက် သတ်မှတ်ချက်

၁။ SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးနိုင်သည့် ငွေပမာဏ အများဆုံးကျပ် (၅၀ဝ) သန်း

၂။  ချေးငွေအား အသုံးပြုရာတွင် သတ်မှတ်ချက်

      Fixed Capital အတွက် ၈၀% + Working Capital အတွက် ၂၀ %

၎။  ချေးငွေအတိုးနှုန်း ၁ နှစ်လျှင် ၈.၅ %

၅။  ချေးငွေသက်တမ်း ၁ နှစ် အထက်မှ ၅ နှစ်ထိ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့်ဘဏ်များမှာ -

  • (၁) အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်
  • (၂) မြန်မာ့ရှေ့ဆောင်ဘဏ်
  • (၃) မြန်မာနိုင်ငံသားများဘဏ်
  • (၄) ဧရာဝတီဘဏ်
  • (၅) ကမ္ဘောဇဘဏ်
  • (၆) သမဝါယမဘဏ်

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်

JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2) တွင် ချေးငွေဂျပန်ယန်း (၁၄၉၄၉) သန်း ချေးယူရန် (၂၂-၂-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးနဝမနေ့၌ အတည်ပြုခဲ့ပြီးဖြစ်ပါသဖြင့် ချေးငွေစာချုပ် (Loan Agreement)) အား (၂၉-၃-၂၀၁၈) ရက်နေ့တွင် ချုပ်ဆိုခဲ့ပါသည်။ ယခုအခါ စီမံကိန်းအဆင့်-၂ အကောင်အထည်ဖော်ဆောင်ရွက်ရန် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်း Participating Financial Institutions(PFIs) ဘဏ်များအဖြစ် (၁)

မြန်မာနိုင်ငံသားများဘဏ်၊ (၂)ကမ္ဘောဇဘဏ်၊ (၃)မြန်မာ့စီးပွားရေးဘဏ်၊ (၄) သမဝါယမဘဏ်၊ (၅) ဧရာဝတီဘဏ်၊ (၆) ပထမပုဂ္ဂလိကဘဏ်နှင့် (၇) ယူနိုက်တက်အမရဘဏ်တို့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ (၂-၈-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ချေးငွေရရှိရေးလုပ်ငန်း (Working Committee) က အတည်ပြုရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ချေးငွေ ဂျပန်ယန်း ၃ ဘီလီယံနှင့် ညီမျှသော မြန်မာကျပ် ၃၆ ဘီလီယံခန့်အား ရွေးချယ်ထားသည့် PFIs ဘဏ်(၇)ခုမှတစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အသေးစားနှင့်အလတ်စား စီးပွာရေးလုပ်ငန်း SMEs များသို့ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂျပန်ယန်း (၁၁.၅) ဘီလီယံ (မြန်မာကျပ် (၁၅၁.၆၈၅) ဘီလီယံ ခန့်) ကို ချေးငွေထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

- မြန်မာ့စီးပွားရေးဘဏ်