FDI Tops $1bn in Less Than Two Months – Myanmar on Course to Meet Yearly Target
Recent News



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ဧပြီလတစ်လတာအတွင်း အမေရိကန်ဒေါ်လာ ၆၅၆သန်းရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်အစပိုင်း နှစ်လတာကာလအတွင်း စုစုပေါင်းပမာဏကန်ဒေါ်လာ တစ်ဘီလီယံရှိခဲ့ရာ ယခုနှစ်အတွက် မျှော်မှန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်သည့် ကန်ဒေါ်လာခြောက်ဘီလီယံကို ပြည့်မီဖွယ်ရှိကြောင်း  သိရ သည်။

အဆိုပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လျာထားချက် ပြည့်မီရန်အတွက် နှစ်လလျှင် အနည်းဆုံးရင်းနှီးမြှုပ်နှံမှု တစ်ဘီလီယံရရှိရန်လိုအပ်မည်ဖြစ်သည်။ လက်ရှိပမာဏသည် ကုမ္ပဏီများက တင်ပြလာသည့် စီမံကိန်း တန်ဖိုးအပေါ်မူတည်၍ တွက်ချက်ထားခြင်းဖြစ်သည်။ ပြီးခဲ့သော ဘဏ္ဍာနှစ် အစပိုင်းကာလတူအချိန်တွင်မူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်  အသစ်ပြန်လည်ဖွဲ့စည်းခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခြင်းကို ခေတ္တရပ်ဆိုင်းထားခဲ့သည့်အတွက် လုပ်ငန်းအသစ်များ ခွင့်ပြုပေးနိုင်ခြင်းမရှိခဲ့ချေ။

သို့သော် ပြီးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ယူသော အစိုးရလက်ထက်တွင်     နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ     ကိုးဘီလီယံအထိ ခန့်မှန်းထားသော်လည်း အစိုးရအပြောင်းအလဲ ကာလအတွင်း မူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲများအပေါ် စောင့်ကြည့်လေ့လာမှုများ ကြောင့် ရင်းနှီးမြှုပ်နှံမှုများမှာ ထင်မှတ်ထားသလောက် မဖြစ်ပေါ်ခဲ့ပေ။

Source : www.mmbiztoday.com