$50m Offshore Oil and Gas Supply Base in Ayeyarwaddy Gets Go-Ahead
Recent News



Myint& Associates Offshore Supply Base Ltd (M&AOSB) သည် ကမ်းလွန်ရေနံလုပ်ကွက်များ အတွက် ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းတစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲရှိ ကုမ္ပဏီပိုင်မြေဧက၃၀မှာတည်ဆောက်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မေ၂၀ရက်မှာ သဘောတူခွင့်ပြုခဲ့ကြောင်း သိရသည်။

ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်း(ငရုတ်ကောင်း) တည်ဆောက်ရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံခွင့် ကာလ နှစ်၃၀ရရှိပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် ကျပ်၅၀ဘီလီယံခန့်ကို ရင်းနှီးမြှုပ်နှံရန် လျာထားသည်ဟု ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခဲ့သည်။

စီမံကိန်းကို၂၀၁၇ဒီဇင်ဘာမှစတင်ကာ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းစီမံကိန်းကို ၁၀နှစ်အတွင်းဘဏ္ဍာရေးဆိုင်ရာ အကျိုးကျေးဇူးအဖြစ် ကျပ်၂၅ဘီလီယံရရှိရန် ခန့်မှန်း ထားကြောင်း သိရသည်။

Myint& Associates Offshore Supply Base Ltd (M&AOSB) မှာMPRL E&P Group Of Companies ရဲ့ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ်းလွန်ထောက်ပံ့ရေးစခန်းတစ်ခု တည်ဆောက်ရန် လွန်ခဲ့တဲ့၂နှစ်က စတင် ကြိုးပမ်းခဲ့ပြီး၂၀၁၇မေလမှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။ ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်ရေးလုပ်ငန်းမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား (၄)မျိုးအနက် သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ဆောင်ရွက် ရသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။

Source : www.mmbiztoday.com