ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဗုံးလန့်မှုဖြစ်
Recent News


ပလက်စတစ်ပိုက်ထဲကို ဆန်တွေထည့်ထားတဲ့ ဗုံးအတုတွေ့ရှိခဲ့တာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ဒီနေ့(ဒီဇင်ဘာလ ၄ )မနက်ပိုင်းက ဗုံးလန့်မှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မြန်မာသံရုံးဟောင်းထဲက မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးအတွင်းမှာ မသင်္ကာဖွယ် ပလပ်စတစ် အိတ်တစ်ထုပ်ကို တွေ့ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာသံရုံးရှိ ပတ်စပို့ပြုလုပ်ပေးတဲ့ဌာနမှာ နာရီကို တိပ်အမဲနဲ့ကပ်ထားတဲ့ အထုပ်နှစ်ထုပ် တွေ့ရှိခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က လာရောက်ရှင်းလင်းခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာသံရုံးက ထိုင်းရဲတပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ အထုပ်အတွင်းကနေ နာရီနဲ့ ပလပ်စတစ်ပိုက်ကို တိတ်တွေနဲ့ ပတ်ထားပြီး ပလက်စတစ်ပိုက်ထဲကို ဆန်တွေထည့်ထားတဲ့ ဗုံးအတုဖြစ်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါအထုပ်များ တွေ့ရှိချိန်မှာ ပတ်စပို့ဌာနကို မြန်မာလုပ်သား ၂၀၀ ခန့်လာရောက် ပတ်စပို့ ပြုလုပ်နေပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာသံရုံးလမ်းကို ပိတ်ထားကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Sourced and photo from 7DayDaily