YBS ကားများတွင် ငွေပေးကတ် အသုံးပြုမည့် YPS (Yangon Payment Services) စနစ် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို ဇန်န ၀ါရီ ၁၀ ရက်၌ ကြေညာမည်ဟု ရန်ကုန်တိုင်းဒေသကြီး တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။
Recent News


ထို့နောက် အဆင့်ဆင့်စိစစ် ရာ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့် ရရှိသည့် ကုမ္ပဏီသုံးခုကျန်ရှိပြီး ယင်းမှ ကုမ္ပဏီတစ်ခုကို ရွေးချယ် မည် ဖြစ်သည်။

‘‘ကုမ္ပဏီသုံးခုဆီကနေ ထပ် ပြီး စီစစ်မေးမြန်းလိုတဲ့အချက်တွေ ကို မေးမယ်။ သူတို့ဘယ်လောက် အထိ လုပ်နိုင်မလဲဆိုတာတွေကို ပါ ထပ်မေးမယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး တင်ဒါစိစစ်ကြီးကြပ် ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင် ခွင့်ရရှိထားသော ကုမ္ပဏီသုံးခု သည် Anypay Payment Services ကုမ္ပဏီ၊ Asia Starmar Transport Intellignet ကုမ္ပဏီနှင့် Excel KC Myanmar ကုမ္ပဏီတို့ ဖြစ်သည်။

အဆိုပါယာဉ်စီးခကြိုတင် ငွေပေးကတ်စနစ် တင်ဒါရွေးချယ်မှုကို မူလက ယခုနှစ်ဒီဇင်ဘာတွင် အပြီးသတ်လုပ်ဆောင်ရန်နှင့် ဇန်န၀ါရီကစ၍ ယာဉ်စီးခကို ကတ်ပေးစနစ်ဖြင့် တစ်ဆင့်ချင်း စတင် ရန် လျာထားသည်။

YPS စနစ် ကျင့်သုံးပါက စီးနင်းသည့် ခရီးစဉ်အကွာအဝေး အလိုက်သာကျသင့်ငွေ ဖြတ် တောက်မည်ဖြစ်သဖြင့် ခရီးသွားများ၏ ယာဉ်စီးခသည် လက်ရှိကုန်ကျနေသည့် နှုန်းထားထက်မပိုနိုင်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နည်းပညာကုမ္ပဏီများနှင့် တင်ဒါလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းသည့် အခမ်းအနား၌ ပြောကြားထားသည်။

လုပ်ကိုင်ခွင့်ရရှိသောကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထူထောင် ထားသည့် YPS ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုရမည် ဖြစ်ပြီး သက်တမ်းမှာ ငါးနှစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် လက်ရှိပြေးဆွဲနေသည့် YBSဘတ်စ်ကားစီးရေ လေးထောင်ခန့် တွင် YPS စနစ်ကို အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။

ထို့နောက် အဆိုပါကတ်ဖြင့် အခြားခရီးသည်တင်ယာဉ်အမျိုး မျိုး စီးနင်းရာတွင်လည်းကောင်း၊ ဈေးဝယ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်အထိ လုပ်ဆောင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မျှော်မှန်းထားသည်။

Sourced from 7days daily