Myawaddy Bank

       1.79 K   View

Category: Money Changers

Myawaddy Bank

  99/103, Foreign Currency Sale and Purchase Center, Thein Phyu Rd., Lower Blk., Botahtaung Tsp., Yangon

   09-43157306,  09-8610495

  Company Info..

မြဝတီဘဏ်လီမိတက်သည် ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ပေးရန်တာဝန် ကန့်သတ် ထားသည့် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ အဖြစ် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ဖွံ့ဖြိုးရေးဘဏ်အဖြစ် လိုင်စင်ရရှိခဲ့ပါသည်။ ယခု ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ပြင်ဆင်ရေးဆွဲထားသည့် ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်ဖွင့်လှစ်ခွင့် လိုင်စင်သစ် ကို ခွင့်ပြုခဲ့ပါသည်။


မြဝတီဘဏ်ကို စတင်တည်ထောင်ခဲ့သည့် ၁၉၉၃ ခုနှစ်တွင် ခွင့်ပြုမတည်ငွေရင်း ကျပ် (၁၀ဝ၀) သန်းဖြင့် စတင်တည်ထောင်ခဲ့ပြီး ထည့်ဝင်ပြီးမတည်ငွေ ကျပ် (၆၀) သန်းဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခုအချိန်တွင် ခွင့်ပြုမတည်ငွေရင်းကို အချိန်နှင့်တပြေးညီ ထပ်မံတိုးမြှင့် ထည့်ဝင်လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ အစုရှယ်ယာ၏ ၁၀ဝ%ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ထည့်ဝင်ပိုင်ဆိုင်ပါသည်။


မြဝတီဘဏ်လီမိတက်သည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း အစရှိသည့် အဖွဲ့အစည်းများ၏ လမ်းညွှန် ကြီးကြပ်မှုအောက်တွင် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်မှုဥပဒေ၊ နည်းဥပဒေများနှင့်  စပ်လျဉ်း၍ ဗဟိုထိန်းချုပ်ရေးအဖွဲ့ လမ်းညွှန်ချက်များနှင့် ဗဟိုဘဏ်မှ ထပ်ဆင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက် ရှိပါသည်။


မြဝတီဘဏ်လီမိတက်သည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် လက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်သူလူထုများထံသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ကူညီထောက်ပံ့ပေးနိုင်ရန်၊ အခြားပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်းများ၊ ငွေပေးချေမှုနည်းစနစ်များ ပိုမိုလွယ်ကူမြန်ဆန်စေရန် တို့အတွက် မြန်မာနိုင်ငံအနှံ့အပြား စီးပွားရေး အချက်အချာကျသောမြို့များတွင် ဘဏ်ခွဲများကို စနစ်တကျ တိုးချဲ့ ဖွင့်လှစ်လျက် ရှိပါသည်။ ယခုအချိန်တွင် မြဝတီဘဏ်အနေဖြင့် ရုံးချုပ် အပါအဝင် ဘဏ်ခွဲစုစုပေါင်း (၅၈) ဘဏ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။


မြဝတီဘဏ်လီမိတက်သည် ၄င်းတို့၏ ဖောက်သည်များ၊ အစုရှယ်ယာရှင်များ နှင့် ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ၏ အကျိုးကိုရှေးရှု၍ ဝန်ဆောင်မှုများကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။



  Map



Are you a Business?


Get a free listing  

Get a free listing with Myanmar

Yellow Pages Directory


Myanmar Yellow Pages Call Center

+959403062657

Hotline: 951242758, 243074, 377755


Categories