JiShin မှာ ဂျပန်စာကို လာလေ့လာတဲ့ ကျောင်းသားတွေကို ဂျပန်စာတင်မကဘဲ၊ ဂျပန်ရဲ့ ယဉ်ကျေးမှု နဲ့ဓလေ့၊ ဂျပန်တွေရဲ့ အကြိုက် နဲ့ မနှစ်မြို့မှု၊ ဂျပန်လူမျိုးတွေရဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ စိတ်ဓာတ်၊ အင်တာဗျူး ဖြေပုံဖြေနည်းနဲ့ ပြင်ဆင်ရမယ့် အချက်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့သူ တစ်ယောက် ဖြစ်လာအောင်နဲ့ တစ်ခြား သိမှတ်ထားရမယ့် အသိပညာ၊ ဗဟုသုတတွေကို သင်ကြားပြသပေးသွားပါမယ်။
ကိုယ့်ရဲ့ အနာဂတ်အတွက် စဉ်းစားပြီး နောင်တစ်ချိန်မှာ ဂျပန်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်တဲ့သူ၊ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ကုမ္ပဏီမှာ အလုပ်ရချင်တဲ့သူ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိချင်တဲ့သူတွေ အတွက် ကျွန်တော်တို့ကျောင်းက အစွမ်းကုန် ကူညီပေးဖို့ အဆင်သင့် ရှိပါတယ်။