Category: Exhibitions and Trade Fair Organizers
GMP Wholesale Mall, Ber. Myanma Gone Ye Rd. & Bo Min Yaung St., Mingalar Taung Nyunt Tsp., Yangon
မြန်မာနိုင်ငံ၏ ပထမဆုံး ဉာဏ်ရည်တုနည်းပညာပြပွဲ AI Yangon 2025
မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရေးပါဆုံး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပြပွဲတစ်ခုဖြစ်သည့် AI Yangon 2025ကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက်ထိ ရန်ကုန်မြို့ရှိ GMP Wholesale Mallတွင် စည်းကား သိုက်မြိုက်စွာကျင်းပမည် ဖြစ်ကြောင်း သိရသည်။
AI Yangon 2025 ပြပွဲတွင် ဉာဏ်ရည်တုနည်းပညာ (AI) ၏ အနာဂတ်ကို စူးစမ်းလေ့လာနိုင်မည်ဖြစ်ပြီး
ကျောင်းသားများ၊ ပညာရှင်များ၊ စတင်လုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ သုတေသီများနှင့် နည်းပညာဝါသနာရှင်များအားလုံး အတူတကွ ပါဝင်နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ကာ စိတ်အားထက်သန်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုများအတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
၎င်း ပြပွဲသို့ လာရောက်သူများ အနေဖြင့် နောက် ဆုံးပေါ် AI နည်းပညာများကို သိရှိနိုင်မည်ဖြစ်ကာ လုပ်ဖော်ကိုင်ဖက်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဆက်သွယ်ခြင်း၊ လက်တွေ့သင်ကြားမှုများမှတစ်ဆင့် အသိပညာရရှိခြင်း၊ မြန်မာနိုင်ငံ၏ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ပါဝင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိန်ုင်မည် ဖြစ်သည်။
ထို့ပြင် ပထမဆုံး ဉာဏ်ရည်တုနည်းပညာပြပွဲAI Yangon 2025တွင် မြန်မာနိုင်ငံမှ ထိပ်တန်းစတင်လုပ်ကိုင်နေသော လုပ်ငန်းများနှင့် သုတေသီများ၏ ခေတ်မီတီထွင်မှုများကို လေ့လာနိုင်မည့် အခွင့် အလမ်းဖြစ်သော တီထွင်ဆန်းသစ်မှုပြပွဲ၊AI ၏ အခြေခံများမှစ၍ စက်သင်ယူမှု (Machine Learning) နှင့် နည်းပညာဆိုင်ရာ ခေတ်ရေစီးကြောင်းများကို လက်တွေ့သင်ကြားပို့ချပေးမည့် သင်တန်းများဖြစ်သော ပညာရေးဆိုင်ရာသင်တန်းများ ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသော AI ပညာရှင်များ၏ အတွေးအမြင်များကို နားထောင်နိုင်မည့် စေတနာ့ဝန် ထမ်းဟောပြောပွဲများ၊လုပ်ငန်းခေါင်းဆောင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ပညာရေးဆိုင်ရာသူများနှင့် ဆက်သွယ်နိုင်မည့် အခွင့်အလမ်းများကို ပေးနိုင်မည့် ကွန်ရက်ချိတ်ဆက်မှုအခွင့်အလမ်းများ၊မိုဘိုင်းဆိုင်များ၊ ကွန်ပျူတာဆိုင်များနှင့် နည်းပညာရောင်းချသူများထံမှ အထူးလျှော့စျေးများကို ရယူနိုင်မည့် အရောင်းနှင့်ဝန်ဆောင်မှုများအပြင် ကောလိပ်များနှင့် တက္ကသိုလ်များမှ AI သုတေသနနှင့် ပညာရေးအစီအစဉ်များကို ပြသထားသည့် ပညာရေးမိတ်ဖက်များကိုလည်း မြင်တွေ့ရမည် ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀ကျော်က ခေတ်မီနည်းပညာများကို ပြသမည်ဖြစ်ကြောင်း သိရသည်။
Get a free listing with Myanmar
Yellow Pages Directory
Myanmar Yellow Pages Call Center
+959403062657
Hotline: 951242758, 243074, 377755