Yellow Pages ကုန်အမှတ်တံဆိပ်အမည်နှင့် Walking Fingers Logo ၀န်ဆောင်မှုအမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး တရားဝင် မှတ်ပုံတင်ပြီး ၁၉၉၅ခုနှစ်မှ သတင်ပုံနှိပ်ထုတ်ဝေကာ Myanmar Yellow Pages လမ်းညွှန်သည် ကုန်သွယ်ရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းများ အရောင်းမြှင့်တင်ခြင်းနှင့် စီးပွားရေးကုမ္ဗဏီများ၏ အချက်အလက်များအား ပြည့်စုံစွာ ဖော်ပြပါရှိပြီး မြန်မာနိုင်ငံတွင်းနှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်ခြင်းများအတွက် ထိပ်တန်းနေရာယူထားသော စီးပွားရေး လုပ်ငန်းသုံး မရှိမဖြစ် လက်ကိုင်စာအုပ် တစ်အုပ်ဖြစ်ပါသည်။ (၁၂)လ သက်တမ်းရှိသော ကြော်ငြာ ကာလရှိနေခြင်းကြောင့်လည်းကောင်း၊ စာအုပ်အရေအတွက်မြင့်မားခြင်းကြောင့်လည်းကောင်း ၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဖြန့်ဖြူးနိုင်ခြင်း၊ သင့်တင့်မျှတသော ကြော်ငြာဈေးနှုန်းဖြစ်ခြင်းကြောင့် Myanmar Yellow Pages လမ်းညွှန်ကို လူတိုင်းသုံးစွဲနိုင်ပါသည်။ လုပ်ငန်းခေါင်းစဉ်အညွှန်း (၁၀၀၀)ကျော်နှင့် Listing ပေါင်း (၁)သိန်းကျော် ပါဝင်ပြီး မြန်မာပြည်တစ်ပြည်လုံးရှိ စီးပွားရေးလုပ်ငန်းရှင်များ ၀န်ကြီးဌာနများ ၊ သံရုံးများ၊ ဟိုတယ်များ ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေး အသင်းအဖွဲ့များသို့ ဖြန့်ချိထားပါသည်။
ထိရောက်သောနေရာတိုင်းတွင် Myanmar Yellow pages စာအုပ်များရရှိနိုင်ခြင်း မိမိကြော်ငြာများသည် မိမိလိုရာ ပစ်မှတ်ဖြစ်သော သုံးစွဲသူများ စီးပွားရေးလုပ်ငန်ရှင်ကြီးများနှင့် အစိုးရ ပုဂ္ဂလိက အဖွဲ့အစည်းများသို့ ဤလမ်းညွှန်စာအုပ်များ လက်ဝယ်ရောက်ရှိခြင်းကြောင့် Myanmar Yellow Pages လမ်းညွှန်တွင် ကြော်ငြာသင့်ပါသည်။